“ခြင်ဆေးခွေမလို ! အင်မတန် အစွမ်းထက်တဲ့ ခြင်မလာအောင် ကာကွယ်တဲ့ အိမ်တွင်း ဆေးနည်း”

မင်္ဂလာပါ…ခြင်မလာအောင်ခြင်ကာကွယ်တဲ့ဆေးနည်းကလေးပေးပါမယ်

စပါးလင်အရွက် လေးညှင်းပွင့် သံပုရာသီး တို့ကိုရေမြုတ်အောင်ထည့်ပြီးရေတဝက်ရောက်အောင်ပြုတ်ပေးပါ(အဖုံးအုပ်ပြီးပြုတ်ပါ) ။စပါးလင်အရွက်ဖားဖားတပင်လေးညှင်းပွင့်ဆယ်ပွင့်သံပုရာသီး၃လုံးနှုန်းသည်ရေ(ရေသန့်ဗူးတဗူးခွဲ)ထည့်ပြုတ်ပြီးအရည်တလီတာနီးနီးအကျန်(ရေသန့်ဗူးတဗူးမပြည့်တပြည့်)ရေတဝက်ကျန်ကပိုကောင်းပါသည် ။

ပြုတ်ပြီးအဖတ်တွေကိုခြင်တွေပေါက်နိုင်တဲ့ရေဝပ်နေတတ်သောနေရာမှောင်နေတတ်သောနေရာတွေကိုထားလိုက်ပါ…ပြုတ်ပြီးအရည်များကိုခြင်ဆေးရေအဖြစ်ရေဖြန်းဗူးတွင်ထည့်ဖြန်းပါ…တပတ်လောက်တော့အထားခံပါသည်ရေရှည်အထားခံနည်းမသိပါ ။ ပြုတ်ပြီးလျှင်အေးသွားပါကအရည်နှင့်အဖတ်များကိုသီးခြားဖြစ်အောင်ထားပေးပါ..

တောရှောက်ခါးသီးနှင့်လုပ်ပါကအနံ့ပိုကောင်းပါသည်….မိမိအိမ်ပတ်ဝန်းကျင်နှင့်အိမ်အပြင်ဖက်တွင်ရေမြောင်းနှင့်အမှိုက်များကိုရှင်းလင်းပေးပါ…မိမိ၏လက်များနှင့်တကွတကိုယ်ရေသန့်ရှင်းရေးကိုအထူးဂရုစိုက်ကြပါ ။ ခြင်ကိုက်မခံပါနှင့်သက်ကြီးရွယ်အိုများနှင့်ကလေးသူငယ်များနေ့မှာအိပ်အိပ်ညမှာအိပ်အိပ်ခြင်ထောင်နှင့်အိပ်ပါ….နှာစေးချောင်းဆိုးမဖြစ်အောင်စပါးလင်နှင့်ဂျင်းပြုတ်ရေများသောက်ပေးပါ…(ထန်းလျက်/သကြား/ပျားရည်)တို့နှင့်တွဲသောက်နိုင်ပါသည် ။ ကျွန်တော်လက်တွေ့လုပ်ကြည့်ပြီးပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ထိုင်နေရင်လက်နဲ့ဆုတ်ပက်လိုက်သလိုခြင်အုံခဲနေသောခြင်တွေကျွန်တော်အိမ်မှာ မဖြစ်တော့ပါ ။ (တခါမှချီးမွန်းခန်းမဖွင့်တဲ့မေမေကတောင်တယ်ဟုတ်ပါလားတဲ့-) လိုအပ်ပါကညွန်ကြားပေးစေလိုပါသည် ။

လေးလေးဂျစ်တူး