အမေရိကန် မှာ အကြီးကျယ်ဆုံးလို့ ပြောလို့ရမည့် သာသနာ့ အမွေခံ ပွဲတော်ကြီး ကို ဦးစီးကာ ကျင်းပအောင်ပွဲခံယူနိုင်ခဲ့ပါပြီ

အမေရိကန် မှာ အကြီးကျယ်ဆုံးလို့ ပြောလို့ရမည့် သာသနာ့ အမွေခံ ပွဲတော်ကြီး ကို ဦးစီးကာ ကျင်းပအောင်ပွဲခံယူနိုင်ခဲ့ပါပြီ ကြွရောက်ချီးမြှော်ကတော်မူကြသည့် နိုင်ငံစုံ ဒေသစုံ မှ ဆရာတော် ဘုရားများ ..ကနေဒါ အိုင်ယာလန် ဂျာမနီ ထိုင်း လာအို ဗီယက်နမ် မြန်မာ အင်္ဂလန် နိုင်ငံတို့မှ ဧည့်သည်တော်များ …. နိုင်ငံကျော် စန္ဒယားပညာရှင် ဆရာအောင်ဝင်း..မေသက်ထားဆွေ တက္ကသိုလ်လဲ့လဲ့ ဘာဘရာချူး ဖြူဖြူစိုး စသော အနုပညာရှင်များ မီနီဆိုးတာပြည်နယ် အက အလှ အဖွဲ့ ကိုလိုရာဒို အကအလှ အဖွဲ့ အမာရီလိုအကအလှအဖွဲ့များ…….. ထီဆယ်မယ်ယွာ ကျောင်း ၊ သာသနာ့ အမွေခံကျောင်း ဝေယျာဝစ္စအဖွဲ့များ အားလုံးကိုလည်းကောင်း..ဘိသိက်ဆရာ ကိုကျော်သူရ နှင့် အတူ ဝိုင်းဝန်းကူညီသူ အားလုံးကို လည်းကောင်း

စက်ပိုင်းဆိုင်ရာ မှ ကိုစိုးအောင် နှင့် ကိုသောင်းယု(ခ) ကိုဒိုတို့အား လည်းကောင်း ..ဇေယျသုခ ဓမ္မရိပ်သာ ဝေယျာဝစ္စ အကျိုးဆောင်များ ဘကြီးမြင့်အောင်နှင့် ဦးဇင်းကြီးများ ဦးဆောင်နာယကကြီးများ အလှူရှင်များ … ၇ ရက်တာပတ်လုံး ချက်ပြုတ် စီစဉ် ကုသိုလ်ယူ ပေးကြတဲ့ စေတနာရှင် အားလုံးကိုလည်းကောင်း … လိုအပ်သလို ယဉ် နှင့်တကွ ယဉ်မောင်း ကုသိုလ် ဟိုတယ်ကုသိုလ် နားနေဆောင်ကုသိုလ် ယူပေးကြသူ အားလုံးကိုလည်းကောင်း

သင်တန်းနည်းပြ ဆရာတော်များ အားလုံးကိုလည်းကောင်း ဆွမ်းကွမ်း ဝေယျာဝစ္စ ကုသိုလ်ယူ စီစဉ်ပေးသည့် ဆရာတော်အပေါင်း ယာဉ်မောင်းကုသိုလ်ယူပေးသည့် ဆရာတော်အပေါင်း ဗုဒ္ဓဂယာ ဆရာတော်နှင့် အတူ လိုက်ပါသာသနာပြုကြသည့် အဖွဲ့များအားလည်းကောင်း ရဟန်းမယ်တော်ကြီးဒေါ်ကြည်ဆိုင်မိသားစု အားလည်းကောင်း မမြစန္ဒာအောင် နှင့် ဂန္ထဝင် ရွှေပုဂံ မိသားစု အားလည်းကောင်း အထူးကျေးဇူးတင်ရှိပါကြောင်း ရင်ထဲမှ မှတ်တမ်းတင် ဖေါ်ပြ ဂုဏ်ပြုလိုက်ရပါ ၏

Credit: စန္ဒရား အောင်ဝင်း – Sandaya Aung Win