မိသားစုစုံစုံညီညီနဲ့ အင်္ဂလန်ကို သွားရောက် လည်ပတ်နေတဲ့ ကျော်သူ

ကျော်သူဟာဆိုရင် ဇာတ်လမ်းကာရိုက်တာပိုင်းတွေကို ပီပြင်အောင်သရုပ်ဆောင်နိုင်ပြီးတော့ အကယ်ဒမီနှစ်ဆုကို ပိုင်ဆိုင်ရရှိထားတာဖြစ်ပါတယ်။ လိုချင်တဲ့ ကာရိုက်တာမရရအောင် သရုပ်ဆောင်တွေကို သင်ကြားပေးတဲ့နေရာမှာ ထူးချွန်ပြောင်မြှောက်တဲ့ ဒါရိုက်တာတစ်ယောက်လည်းဖြစ်ပါတယ်။ အလွန်သန့်ရှင်းဖြူစင်တဲ့ ကိုယ်ချင်းစာနာစိတ်ထားပြီး ကူညီဖေးမတတ်တဲ့အပြင် ရန်ကုန်နာရေးကူညီမှုအသင်းကြီးရဲ့ ဥက္ကဌတစ်ယောက်အနေနဲ့လည်း ပါဝင်ဆောင်ရွက်နေတာလည်းဖြစ်ပါတယ်။

“ဂမ္ဘီရမျက်လုံး” နှင့် “ဒဏ္ဍာရီပင်လယ်”ဆိုတဲ့ ရုပ်ရှင်ကားကြီးနှစ်ကားကို ပုံဖော်ရိုက်ကူးခဲ့ပြီးနောက် လက်ရှိမှာ အနုပညာအလုပ်တွေကနေ ခဏတာအနားယူလို့ ပြည်ပမှာရှိတဲ့ သားကြီးပြည်သိမ်းကျော် ဆီသို့ ဇနီး၊သမီးမိသားစုမြေးငယ်များနှင့်အတူ သွားရောက်လည်ပတ်နေခဲ့တာပဲဖြစ်ပါတယ်။ ယခုလို အင်္ဂလန်နိုင်ငံ၊ ဆီယက်တာမြို့မှာ သွားရောက်လည်ပတ်ခဲ့ရတဲ့ ပျော်ရွှင်စရာကောင်းတဲ့ ပုံရိပ်လေးတွေကိုလည်း ကျော်သူက ဖော်ပြထားတာပါ။

“သားနေတဲ့ ဆီယက်တာသို့ အစ်မဖြစ်သူ Dr. ချိုချိုအေးလည်း အင်္ဂလန်မှရောက်ရှိပြီ။ မြေးငယ်လေးလည်း အဖိုးကိုကပ်ချွဲတတ်ပြီ။ အစ်မ၀ယ်လာတဲ့ ၀က်ဝံရုပ်ကလေးကို မြေးငယ်လေး ရာဇကျော်ဇင်က သည်းသည်းလှုပ်ကြိုက်သွားပြန်ပြီ။ အမေရိကန်နိုင်ငံ ဆီယက်တာမြို့ အထိ ဇနီးဖြစ်သူရွှေဇီးကွက်နဲ့ရောက်လာသလို ထူးထူးခြားခြား ထိုင်းစားသောက်ဆိုင်ကအပြန် ကားရပ်နားထားရာအရှေ့တည့်တည့်တိုက်ခေါင်မိုးပေါ်မှာ ဇီးကွက်ကြီးတစ်ကောင်နားနေလေရဲ့ဗျာ” ဆိုပြီးတော့ ပျော်ရွှင်စရာကောင်းတဲ့ ပုံရိပ်လေးတွေနဲ့အတူ ပရိသတ်ကြီးအတွက် ပြန်လည် မျှဝေပေးလိုက်ပါတယ်နော်။