မျက်လုံးမှာ အနာကြီးနဲ့ ည ၉ နာရီထိ ပန်းလိုက်ရောင်းနေတာ ဘယ်သူခိုင်းတာလဲဆိုတော့ သူစိမ်းအမတစ်ယောက်တဲ့

( Video ဖိုင်ကို အောက်ဆုံးမှာတွဲပြီး တင်ပေးထားပါတယ် )

ချစ်ခင်ရတဲ့ စာရှုသူတို့ ခင်ဗျာ.. တိုင်းပြည်တစ်ခုရဲ့ ဂုဏ်သိက္ခာဟာ သက်ကြီးရွယ်အိုတွေ ဖြစ်ပြီး ၊ တိုင်းပြည်တစ်ခုရဲ့ အနာဂါတ်ဟာ ကလေးငယ်များဖြစ်ပါတယ် ။ တိုင်းပြည်က သက်ကြီးအိုရွယ်တွေကို ဘယ်လိုစောင့်ရှောက်မှုမျိုးကို ပေးထားလဲ ဆိုတာက တိုင်းပြည်ရဲ့ ဂုဏ်သိက္ခာဖြစ်ပြီး..အဲ့ဒီတိုင်းပြည်က ကလေးငယ်လေးတွေကို ဘယ်လို ပြုစုပျိုးထောင်နေလဲဆိုတာက တိုင်းပြည်ရဲ့ အနာဂါတ်လို့ ဆိုလိုတာပါ..။

အခုတင်ဆက်ပေးမယ့် သတင်းရုပ်သံဖိုင်လေးကတော့ ၄-၅ နှစ်အရွယ်ကလေးငယ်လေးတစ်ယောက်ကို ညကြီးမိုးချုပ်မှာ အတင်းအကြပ် ပန်းရောင်းခိုင်းနေတယ်ဆိုတဲ့ ရုပ်သံဖိုင်လေးပဲ ဖြစ်ပါတယ်..။ ရုပ်သံဖိုင်လေးထဲမှာတော့ ကလေးမလေးဟာ အင်မတန်မှကို အရွယ်နဲ့မမျှအောင် ပင်ပန်းခက်ခဲနေရသလို သူမရဲ့မျက်လုံးတစ်ဖက်ဟာလည်း လုံးဝကို ဖွင့်မရပဲ ဖြစ်နေပါတယ်..။ ဘယ်သူခိုင်းတာလဲလို့မေးတော့..အမတဲ့လေ..။

သေချာမေးကြည့်တော့ သူစိမ်းအမတဲ့.. ဒါဆို ဒါဟာ ကလေးငယ်တွေကို နောက်ကွယ်က ဂိုဏ်တစ်ခုလို ချုပ်ကိုင်ပြီး ခိုင်းစားနေတယ်ဆိုတာ သက်ဆိုင်ရာ လူကြီးမင်းတို့ သိစေချင်ပါတယ်။ သိအောင်လည်း အားလုံး မျှဝေပေးကြပါဦးခင်ဗျာ..

ရုပ်သံဖိုင်အားကြည့်ရန် နှိပ်ပါ

Writer- SMT(နေ့စဉ်သတင်းနှင့်သုတရသအဖြာဖြာ) , Video- သတင်းစုံ MYanmar