ချင်းပြည်နယ်က တောင်သူဦးကြီးတွေ စိုက်ပျိုးစားသုံးဖို့ ဒန့်ဒလွန်မျိုးစိတ် (၇၀၀) ခန့် လှူဒါန်းခဲ့ပြန်တဲ့ ဝေဠုကျော်

ဝေဠုကျော်ကတော့ ပရိသတ်အားပေးမှုကို တခဲနက်ပိုင်ဆိုင်ရရှိထားတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပြီးတော့ ကျရာကာရိုက်တာပိုင်းကို ပီပြင်အောင်သရုပ်ဆောင်နိုင်ပြီး သူရဲ့ ပထမဆုံးအကယ်ဒမီဆုကို “ပင်လယ်ထက်က နေ၀န်းနီ”ရုပ်ရှင်ဇာတ်ကားနဲ့ ပိုင်ဆိုင်ရရှိထားတာဖြစ်ပါတယ်။ လက်တလောမှာတော့ ဒါရိုက်တာညိုမင်းလွင် ရိုက်ကူးမယ့် “မနုစာရီ”ဇာတ်ကားမှာ ကွန်လွန်သွားတဲ့ အချစ်ဆုံးသူငယ်ချင်း အောင်ဇော်နေရာမှာ ပါဝင်ကူညီသရုပ်ဆောင်ခဲ့ရတာဖြစ်ပါတယ်။

ဝေဠုကျော်ဟာ “Wai Lu Kyaw Foundation ” ဆိုတဲ့ ဖောင်ဒေးရှင်းတည်ထောင်ကာ ပြည်သူတွေအတွက် ရေးဘေး၊လေဘေးစတဲ့ ဒုက္ခခံစားနေရတဲ့ နေရာတွေမှာ ကူညီကယ်ဆယ်ပေးနေတဲ့ ပြည်သူ့အကျိုးပြု အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ ဇူလိုင်လ (၂၉)ရက်နေ့ကလည်း ချင်းပြည်နယ်မှာ အမှန်တကယ်လိုအပ်နေတဲ့ စာသင်ကျောင်း(၇)ကျောင်းကို အလှူရှင်တွေနဲ့ အတူကိုယ်တိုင်လည်း ပါဝင်ဆောက်လုပ်လှူဒါန်းခဲ့တာဖြစ်ပါတယ်။

ချင်းပြည်နယ်က တောင်သူဦးကြီးတွေ စိုက်ပျိုးစားသုံးဖို့ အတွက် ဒန့်ဒလွန်မျိုးစိတ် (၇၀၀) ခ န့် ကိုယ်တိုင်လှူဒါန်းခဲ့တဲ့ အကြောင်း”ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်၊ ဆမီးမြို့ မှ ရွာများတွင် စိုက်ပျိုးရန်အတွက် အိန္ဒိယမျိုး (၆)လ ဒန့်ဒလွန်စေ့ (၇၀၀)ခန့် အား နယ်ခံ ( People Hope မှ ဒါရိုက်တာ) ကိုဇော်လီအောင်မှ တဆင့် ဖြန့်ဝေပေးရန် မျှဝေ လိုက်ပါသည် ” လို့ ဝေဠုကျော်က လူမှုကွန်ရက် စာမျက်နှာမှာထက်မှာ ဖော်ပြထားတာကို ပရိသတ်ကြီးအတွက် မျှဝေပေးလိုက်ရပါတယ်နော်။