ဖေဖေ့ရဲ့မျက်နှာလေးကို ကိုင်ပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတဲ့ အောင်သူရဲ့သားချောလေး Koe Koe

ပရိသတ်ကြီးရေ ဘောလုံးသမားအောင်သူနဲ့ သရုပ်ဆောင်ပိုးအိအိခန့်တို့ ဇနီးမောင်နှံက တစ်ယောက်ကိုတစ်ယောက်အရမ်းချစ်ကြပြီး နားလည်မှုအပြည့်နဲ့ချစ်ခြင်းမေတ္တာတွေခိုင်မြဲနေတာကြောင့် ပရိသတ်တွေကတောင် အားကျရပါတယ်နော်။အောင်သူကတော့ အရမ်းတော်တဲ့ဘောလုံးသမားဖြစ်ပြီး ဝါသနာပါရာအလုပ်ကိုလည်းတစိုက်မက်မက်လုပ်ဆောင်နေသလို ချစ်ဇနီးလေးကိုလည်း ယုယကြင်နာမှုတွေအပြည့်အဝပေးတတ်သူဖြစ်ပါတယ်။

အောင်သူနဲ့ပိုးအိအိခန့်တို့ကတော့ ဇူလိုင်လ၂၀ရက်နေ့မှာ သားဦးလေးတစ်ယောက်ကို မွေးဖွားထားပြီး ပိုးအိအိခန့်ကတော့ ချစ်ခင်ပွန်းနဲ့တူတဲ့ သားချောလေးကို မွေးဖွားပေးနိုင်လို့ အတိုင်းမသိကိုဝမ်းသာပျော်ရွှင်ခဲ့ရပါတယ်။အောင်သူကလည်း သားလေးကို တစိမ့်စိမ့်ကြည့်ပြီး လက်ကမချနိုင်ရလောက်အောင် အရမ်းချစ်တာဖြစ်လို့ ပိုးအိအိခန့်နဲ့အောင်သူတို့က ပျော်ရွှင်စရာမိသားစုဘဝလေးကို ပိုင်ဆိုင်သွားပါပြီနော်။

သားလေးကိုတော့ “koekoe”လို့ ချစ်စနိုးခေါ်ဝေါ်ပြီး ပိုးအိအိခန့်တို့ ဇနီးမောင်နှံကတော့ သားလေးကို သေသေချာချာဂရုစိုက်စောင့်ရှောက်နေတာပဲဖြစ်ပါတယ်။အခုဆိုရင်လည်း ဖေဖေအောင်သူက သားလေးနားမှာအိပ်ပျော်နေပြီး koekoeလေးကလည်း ဖေဖေ့ရဲ့မျက်နှာကိုကိုင်ကာ အိပ်ပျော်နေလို့ ချစ်စရာသားအဖနှစ်ယောက်ရဲ့ ပုံရိပ်လေးတွေကို ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Source:Aung Thu