ကမ္ဘာတလွှားက အဖြေမရှာနိုင်ခဲ့သော လူသတ်မှုများ
ရုပ်မြင်သံကြားနဲ့ TVဇာက်လမ်းတွေမှာတော့ လူသတ်သမားတွေဟာ ဇာက်လမ်းရဲ့အစ မှာဘယ်လောက်ပဲ ထူးချွန်ပြီး မိုးပျံနေအောင်တော်နေပါစေ နောက်ဆုံးတော့ဥပဒေရဲ့ အဆုံးအမကိုခံယူသွားကြရတာပါပဲ။ အပြင်လောကမှာတော့ တချို့သော လူသတ်သမား တွေဟာ အချိန်အတော်ကြာအောင်လွတ်မြောတ်ပြီးနောက်ထပ် အဆင့်ဆင့်သော လူသတ်မှုတွေကိုကျူးလွန်ခဲ့ကြပါတယ်။ သူတို့ရဲ့ပါးနပ်မှုနဲ့ ဥပဒေကိုလက်တစ်လုံးခြားပြု လုပ်ကာ အပြစ်ပေးခဲ့ရခြင်းကနေ လွတ်မြောတ်အောင် စွမ်းဆောင်ပြနိုင်ခဲ့ကြပါတယ်။
မှုခင်းရဲတပ်ဖွဲ့တွေရဲ့ နည်းပညာမြင့်မားလာတာနဲ့အတူ ဒုစရိုက်သမားတွေအတွက်နေရာ ကျဉ်းလာတဲ့ ခုလိုခေတ်မှာပါ သူတို့တွေ ဆက်လက်လွတ်မြောက်နေနိုင်ပါသလား။ အဖြေကတော့ အချို့လူသတ်သမားတွေဟာ ယနေ့ထက်တိုင် လွတ်မြောက်နေဆဲဖြစ်ပါ တယ်။ ဒီတခါမျှဝေပးချင်တာကတော့ သမိုင်းတစ်လျောက် ဖမ်းဆီးအပြစ်ပေးခြင်းမခံခဲ့ရတဲ့ ဆိုးရွားတဲ့လူသတ်သမားတွေအကြောင်းပဲဖြစ်ပါတယ်။
(၉)The Other Boston Strangler
၁၉၆၇ ခုနှစ်မှာအမေရိကန်ပြည်ထောင်စု၊ မန်ဆာချူးဆက်ပြည်နယ်မှာနေထိုင်တဲ့ Albert DeSalvoဆိုသူဟာ အမျိုးသမီး(၁၃)ယောက်ကို သတ်ဖြတ်မှုအတွက်စစ်ဆေးခြင်း ခံရ ပြီး နောက်ဆုံးမှာအပြစ်ပေးခြင်းခံရပါတယ်။ လည်မျိုဖျစ် လူသတ်သမားလို့နာမည်ကြီး တဲ့ Albert DeSalvoဟာ (၁၉၆၂ကနေ၁၉၆၄) အတွင်းပြုလုပ်ခဲ့တဲ့ သူ့လုပ်ရပ်တွေကို ဝန်ခံခဲ့ပေမယ့် စိတ်ကျန်းမာရေးဆရာဝန်တွေကတော့သူဟာ စိတ်မနှံ့သူတစ်ဦးဖြစ်တဲ့အကြောင်း တရားသူကြီးကိုတင်ပြခဲ့ပါတယ်။
DNA နဲ့တိုက်ဆိုင်စစ်ဆေးရာမှာလည်းမှန်ကန်ကြောင်း တွေ့ရှိတာကြောင့် သူဟာအပြစ်ပေးခံခဲ့ရခြင်းမရှိတဲ့တစ်ဦးတည်းသော လူသတ်သမားဖြစ်ခဲ့တာပါ။ ဒီအဖြစ်အပျက်ကြောင့်လူအများစုဟာ Albert DeSalvo ဟာ ပြစ်မူတွေနဲ့အရင်းနှီးဆုံးမိတ်ဆွေ ဖြစ်ပြီး ဘယ်တုန်းမှဖမ်းမိမှာမဟုတ်တဲ့ သမိုင်းတရားခံ ဆိုပြီး တာဝန်ရှိသူတွေကိုလှောင် ပြောင်ခဲ့တာပါ။
(၈)The Moonlight Murder
၁၉၄၆ ခုနှစ်မှာတော့ အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ်မှာအခုချိန်ထိ ဘယ်နေရာမှာမှ ဖြစ်ပွားခြင်းမရှိသေးတဲ့ဆန်းပြားတဲ့ လူသတ်မှုတစ်ခုဖြစ်ခဲ့ပါတယ်။ ဒီလူသတ် သမားဟာ ရက်သတ္တပတ် (၁၀)ပတ်အတွင်း လူရှစ်ဦးကိုအလှည့်ကျ တိုက်ခိုက်ခဲ့တာပါ။ ချိန်းတွေဖို့ ရိုမန်တစ်ဆန်တဲ့နေရာရှာနေတဲ့ စုံတွဲတွေကိုသာ တိုက်ခိုက်ခဲ့တာဖြစ်ပြီး ငါးဦးသေပြီး သုံးဦးဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ပါ တယ်။ မျက်မြင်သက်သေတွေအရတော့ ဒီလူသတ်သမားဟာ အဖြူရောင် မျက်နှာစွပ် တစ်ခုကို ဝတ်ဆင်ထားခဲ့ပါတယ်။
ရဲတပ်ဖွဲ့ က မသကာင်္သူများစွာကို ဖမ်းဆီးခဲ့ပေမဲ့ နောက်ဆုံးမှာ အပြစ်မရှိကြောင်းတွေ့ရှိလို့ ပြန်လွှတ်ပေးခဲ့ရပါတယ်။ တကယ့်လူသတ်သမားကိုတော့ ခုချိန်ထိ မမိခဲ့ပါဘူး။ ဒီဇာတ်လမ်းဟာ ဒီနေရာမှာတင်မရပ်ဘဲ ၁၉၇၆ မှာ The Town That Dreaded Sundown အမည်နဲ့ရုပ်ရှင်ဇာတ် ကားအဖြစ်ပြန်လည်အသက်သွင်းခြင်းခံခဲ့ရပါ တယ်။ လူစိတ်ဝင်စားမှုမြင့်မားတာကြောင့် ၁၉၈၂ မှာဗွီဒီယို ဂိမ်းအဖြစ်ဖန်တီးခဲ့ရပါတယ်။
(၇) The Axeman of New Orleans
၁၉၁၈ မေလ ကနေ ၁၉၁၉ အောက်တိုဘာလအထိကာလတွေမှာ အမေရိကန် ပြည် ထောင်စု နယူးအော်လင်းပြည်နယ်မှာ ပုဆိန်လက်နက်ကို ကိုင်ဆောင်ပြီးသတ်ဖြတ်ခဲ့တဲ့ လူသတ်သမားတစ်ယောက်ပေါ်လာဖူးပါတယ်။ ဒီလူသတ်သမားလက်ချက်ကြောင့် သားသည်မိခင်တစ်ဦးနဲ့သူကလေးများအပါအဝင်လူ(၆)ဦးသေဆုံးခဲ့ပြီး (၁၂)ဦးအထိ ဒဏ်ရာပြင်းထန်စွာရရှိခဲ့ပါတယ်။ မှုခင်းဖြစ်တဲ့နေရာတိုင်းမှာလူသတ်သမားအသုံးပြုခဲ့တဲ့ သွေးစွန်းနေတဲ့ ပုဆိန်တွေ ကျန်ခဲ့ပေမယ့် လူသတ်မှုဖြစ်စဉ်တွေကို တားဆီးနိုင်ခြင်းမရှိ တဲ့အပြင် လူသတ်သမားကိုလည်း ယနေ့ထိ ဖမ်းဆီးနိုင်ခြင်း မရှိခဲ့ပါဘူး၊၊
(၆) The Black Dahlia Murder
၁၉၄၇ ခုနှစ်မှာတော့ အမေရိကန်ပြည်ထောင်စုသမိုင်းမှာ နာမည်ကြီးခဲ့တဲ့လူသတ်မှုတစ် ခုဖြစ်ပွားခဲ့ပါတယ်။ အသက် (၂၂)နှစ်အရွယ် အမေရိကန်ရုပ်ရှင်မင်းသမီး Black Dahlia လို့လူသိများတဲ့ Elizabeth Shortဟာ လော့အိမ်ဂျလိမှာရှိတဲ့ Leiment ပန်းခြံထဲမှာ အသက်ခံခဲ့ရတဲ့ဖြစ်စဉ် ဖြစ်ပြီး ဆိုးဆိုးရွားရွား သတ်ဖြတ်ခြင်းခံခဲ့ရတာပါ။
သူမအလောင်းကို ပြန်တွေ့ချိန်မှာတော့ အဝတ်အစားမပါဘဲ ခန္ဓာကိုယ်ကို နှစ်ပိုင်းအထိ ဖြတ်ထားခြင်းခံရတဲ့အနေအထားနဲ့တွေ့ရတာပါ။ သူမအသတ်ခံရမှုဟာ လူသိများတာမို့ ကျွမ်းကျင်ပညာရှင်တွေက ရူထောင့်အမျိုးမျိုးကနေ စာအုပ်တွေနဲ့ရေးသားဖော်ပြကြပေမယ့် ဒီလူသတ်မှုရဲ့တရားခံကိုတော့ ဖမ်းဆီးရမိခဲ့ခြင်းတော့မရှိပါဘူး၊၊
(၅) Dyatlov Pass Deaths
၁၉၅၉ ခုနှစ်မှာတော့မြောက်ပိုင်း Uralတောင်တက်ခရီးကို စတင်ခဲ့တဲ့ ဆိုဗီယက်ယူနီယံက ရုရှားကျောင်းသားကိုးဦးဟာ ထူးထူးးဆန်းဆန်းသေဆုံးခဲ့ကြပါတယ်။ ပြန်လည်တွေ ရှိချိန်မှာတော့ နှင်းထဲမှာမြှုပ်နှံခြင်းခံရတဲ့ရုပ်အလောင်းတွေဟာလက်မောင်းပြတ်တောက်သွားသူ၊ အရိုးတွေကျိုးကြေနေသူတွေနဲ့ အမျိုးသမီးအလောင်းတစ်ခုကတော့လျှာ ပြတ်သွားတဲ့ အနေအထားမျိုးနဲ့ ပြန်တွေ့ခဲ့ပါတယ်။ အဲဒီနေရာမှာ ဓာက်ရောင်ခြည်တွေ ဖြာထွက်နေတာကိုလည်းတွေ့ခဲ့ရပါတယ်။ အဲဒီတုန်းတည်းက ဆိုဗီယက်အာဏာပိုင်တွေက ဒီကိစ္စကိုအသည်းအသန်လိုက်လံစုံစမ်းခဲ့ပေမယ့် ဘာဖြစ်ခဲ့တယ်ဆိုတဲ့အဖြေကိုတော့မပေးနိုင်ခဲ့ပါဘူး၊၊
(၄) The Hinterkaifeck Murders
၁၉၂၂ခုနှစ်က ဂျာမနီနိုင်ငံ၊မြူးနစ်မြို့ရဲ့ မြောက်ဘက်(၄၃)မိုင်ခန့်အကွာကစိုက်ပျိုးမွေးမြူ ရေးခြံတစ်ခြံမှာဖြစ်ခဲ့တဲ့ ဒီလူသတ်မှုမှာ လယ်သမားမိသားစုနဲ့ သူတို့ရဲ့အိမ်ဖော်အမျိုးသမီး အပါအဝင်လူ(၆)ဦးလုံးအသက်ခံခဲ့ရပါတယ်။ လူသတ်သမားဟာ ပေါက်ချွန်းကိုအသုံးပြုပြီး ဦးခေါင်းကိုထုနှက်ပြီး အားလုံးကိုသတ်ပစ်ခဲ့တာလို့ တာဝန်ရှိသူတွေက ယုံကြည်နေကြတာပါ။
ဒီလိုသတ်ပြီးနောက် လူသေတွေရဲ့ အပေါ်မှာ ကောက်ရိုးတွေနဲ့အုပ်ပြီးထားခဲ့ တာပါ။ ဒီလိုသတ်ဖြတ်ခဲ့တာကို ဘယ်သူကမှ မရိပ်မိပဲ ရက်အတော်ကြာမှ သေဆုံးသူတွေရဲ့ အပုပ်နံ့တွေထွက်လာမှသာ ပတ်ဝန်းကျင်က သတိထားမိတာပါ။ တာဝန်ရှိသူတွေရောက် လာချိန်မှာတော့ သေဆုံးသူတွေရဲ့အသားကို တိရိစ္ဆာန်တွေကတောင် ဝင်ရောက်စား သောက်တဲ့ အခြေအနေထိဖြစ်ခဲ့ပါတယ်။ လူသတ်တရားခံကတော့ မမိခဲ့ပါဘူး။
(၃) The Mad Butcher of kingsbury Run
၁၉၃၀ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ အမေရိကန်ပြည်ထောင်စု Ohioပြည်နယ် Clevelandမြို့က စိတ်မနှံ့တဲ့ သားသတ်သမားလို့ အမည်ပေးထားတဲ့ လူသတ်သမားလက်ချက်နဲ့ လူ ၁၂ယောက်ကနေ ၂၀ အထိသေဆုံးခဲ့ရပါတယ်။ ဒီသားသတ်သမား သူသတ်ဖြတ်ခဲ့တဲ့ လူခန္ဓာကိုယ်(၁၂)ခုလောက်ကိုဖြတ်တောက်ပြီးချိတ်ဆွဲထားခဲ့ပါတယ်။ အာဏာပိုင်တွေကတော့ ဒီအရေအတွက်ထက်ပိုများမယ်လို့ ယုံကြည်ခဲ့တာပါ။ အလွန်ကြီးကျယ်တဲ့ လူသတ်မှုတစ်ခုဖြစ်ပြီး အမေရိကန်လို နိုင်ငံမှာတောင် နောင်အနှစ် (၈၀)ကြာတဲ့အထိ (ယနေ့တိုင်)တရားခံကိုမမိခဲ့ပါဘူး။
(၂)The February 9 killer
၂၀၀၆ ခုနှစ် ဖေဖော်ဝါရီ (၉)ရက်နေ့မှာတော့ အမေရိကန်ပြည်ထောင်စု Utahပြည်နယ် ထဲက Salt Lake မြို့မှာ စပိန်ပေါ်တူဂီ ကပြားအမျိုးသမီးဖြစ်တဲ့ Sonia Mejia သူမရဲ့နေ အိမ်မှာပဲ လည်ပင်းဖျစ်ပြီး အသတ်ခံခဲ့ရပါတယ်။ လူသတ်သမားကိုတော့ ဖမ်းဆီးရမိခြင်း တော့မရှိခဲ့ပါဘူး။ နောက်ထပ်(၂)နှစ်ကြာတဲ့ ၂၀၀၈ ခုနှစ်ဖေဖော်ဝါရီ(၉)ရက်နေ့မှာလည်း ပထမအခင်းဖြစ်ပွားတဲ့နေရာရဲ့ တစ်မိုင်လောက်သာဝေးတဲ့ နေရာက စပိန်ပေါ်တူဂီက ပြားအမျိုးသမီးဖြစ်တဲ့ Damiana Castillo ဟာလည်းသူမနေအိမ်မှာပဲ လည်ပင်းဖျစ်ပြီး အသတ်ခံခဲ့ရပြန်ပါတယ်။
ထူးခြားတာကတော့ DNA စစ်ဆေးချက်တွေအရ သူမတို့ကို သတ်တဲ့လူသတ်သမားဟာ တစ်ဦးတည်းဖြစ်နေတာပါပဲ။ ဖေဖော်ဝါရီ(၉)ရက်နေ့တိုင်း (၂)နှစ်သာခြားပြီးသတ်တဲ့ လူသတ်တရားခံရဲ့ DNA ဖိုင် ကိုရရှိထားပေမဲ့ တာဝန်ရှိသူတွေ အနေနဲ့ ယခုချိန်ထိ လူသတ်သမားကိုဖမ်းဆီးမိခြင်းတော့မရှိသေးပါဘူး။
(၁)The Zodiac Killer
၁၉၆၀ ခုနှစ်က အမေရိကန်ပြည်ထောင်စု မြောက်ကာရိုရိုင်းနား ပြည်နယ်မှာ သေနတ်သမားတစ်ဦးဟာလူ(၇)ယောက်ကိုပစ်ခတ်ခဲ့ပြီး (၅)ဦးကတော့သေဆုံးခဲ့ရပါတယ် လို့ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။ မကြာခင်မှာပဲ လူသတ်သမားက ရဲတပ်ဖွဲ့ကိုစာရေးသားပြီး မိမိအမှန်တစ်ကယ်သတ်ခဲ့သူဟာ လူ(၃၇)ယောက်ဖြစ်ကြောင်း ခနဲ့တဲ့ ပုံစံနဲ့အကြောင်း ပြန်ကြားခဲ့ဖူးပါတယ်။
လူသတ်သမားပေးပို့တဲ့ စာထဲမှာ လျို့ဝှက်သင်္ကေတနဲ့ရေးသားထား တဲ့စကားလုံးလေးလုံးပါပါတယ်။ ဒီစကားလုံးလေးလုံးရဲ့ အဓိပ္ပါယ်ကိုသိရင် သူရှိတဲ့နေရာနဲ့သူဘယ်သူလဲဆိုတာကိုသိနိုင်ပါတယ်ဆိုပြီး ရဲတပ်ဖွဲ့ကိုအလုပ်ပေးခဲ့ပါသေးတယ်။ ဒီစာရဲ့အဆုံးမှာ Zodic ဆိုပြီး လက်မှတ်ရေးထိုးထားပါတယ်။ ရဲတပ်ဖွဲ့ကဖော်ထုတ်ပေးခဲ့တဲ့ လျို့ဝှက်သင်္ကေတနဲ့ရေးသားထားတဲ့ စကားလုံးတွေအရ မသကာင်္စရာ လူ အများကြီးဖြစ်လို့နေပြန်တာကြောင့် လူသတ်သမားကိုဖမ်းဆီးရမိခြင်းမရှိခဲ့ပါဘူး။
သုတဇုန်