ကရင်ပြည်နယ်က ရေဘေးသင့်ပြည်သူတွေအတွက် အစားအသောက်နဲ့အသုံးအဆောင်ပစ္စည်းတွေကို ကိုယ်တိုင်သွားရောက်လှူဒါန်းခဲ့တဲ့ ပိုးကြာဖြူခင်

ရေ​​​​ဘေးသတင်းက ​ပရိသတ်​​တွေနဲ့ အနုပညာရှင်​​တွေကြားမှာ ပူ​ဆွေး​သောက​ရောက်​​စေတဲ့ သတင်းတစ်​ခုဖြစ်​တဲ့ခဲ့ပါတယ်​။ ဒီသတင်း​ကြောင့်​ ပြည်​သူ​တွေနဲ့ အနုပညာရှင်​ညီအစ်​ကို ​မောင်​နှမ​တွေက ရံပုံ​ငွေပွဲ​တွေကိုကျင်းပပြီး ကူညီကယ်​ဆယ်​မူ​တွေနဲ့ ပြန်​လည်​ထူ​ထောင်​မှု​တွေကို ပြုလုပ်​ ​ပေး​နေတာဖြစ်ပါတယ်။ လက်ရှိမှာလည်း အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ ပိုးကြာဖြူခင်က ရေဘေးဒုက္ခကြုံတွေနေရတဲ့ ပြည်သူတွေကို သွားရောက်လှူဒါန်းမှုတွေပြုလုပ်နေတာဖြစ်ပါတယ်။

အခက်အခဲတွေကြားကနေ သွားရောက်လှူဒါန်းခဲ့တာကို “ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီး က ရေဘေးနဲ့တွေ့ကြုံခဲ့ရတဲ့ ပြည်သူတွေအတွက် ရေသန့် အစားအသောက် အသုံးအဆောင် ပစ္စည်းများနဲ့ အလှူငွေများကို ကိုယ်တိုင်သွားလှူခဲ့ပါတယ် ကားက မြေနီကုန်းကျေးရွာထိပဲဝင်လို့ရတယ် လမ်းကြမ်းတွေကို ဆိုင်ကယ်နဲ့ဖြတ် ရွှံတွေထဲ လဲ လမ်းထပ်လျှောက် ပင်ပန်းတဲ့ကြားက မကြောက်မလန့်သွားခဲ့ကြတာပါ ပရိသတ်ကြီး သာဓုခေါ် ပီတီတွေ ကူးစပ်နိုင်အောင်လို့ ပုံတွေ တင်ပေးလိုက်ပါတယ်”လို့ သူမရဲ့ လူမှုကွန်ရက် စာမျက်နှာကနေ သိခဲ့ရပါတယ်။

ပိုးကြာဖြူခင်က ဆိုင်းမိုင်အဖြစ် MRTV-4ရုပ်သံဇာတ်လမ်းတွဲကနေ ပရိသတ်အားပေးမှုကို တခဲနက်ဆိုသလို ပိုင်ဆိုင်ရရှိထားတဲ့ ပရိသတ်အချစ်တော်တစ်ယောက်ပါ။ ယဉ်ယဉ်လေးနဲ့မြန်မာဆန်ဆန်နေတတ်တာကြောင့် ပရိသတ်အချစ်ကို သိမ်းပိုက်ထားနိုင်တဲ့ အနုပညာရှင်တစ်ယောက်ဆိုလည်း မမှားပါဘူး။ မကြာသေးခင်ကလည် ပိုးကြဖြူခင်ဟာ “You Are My Life”သီချင်းသစ်လေးကို ပရိသတ်အချစ်တော်တစ်ယောက်ဖြစ်တဲ့ အဆိုတော်စိန်လင်းနဲ့အတူ သိဆိုနိုင်ခဲ့တာဖြစ်ပြီး (၄)ရက်တည်းနဲ့ ကြည့်ရှူ (၁၀)သိန်းကျော်တဲ့အထိ ပရိသတ်တွေရဲ့ အားပေးကြမ်းတာကို ခံနေရတဲ့ သီချင်းလေးတစ်ပုဒ် လို့လည်းသိရပါတယ်။ ပရိသတ်ကြီးရေ အလှူတွေ ကိုယ်တိုင်သွားရောက် လှူဒါန်းနေတဲ့ ဆိုင်းမိုင်လေးအတွက် သာဓုခေါ်သွားပါဦးနော်။