မွေးနေ့လက်ဆောင်အဖြစ် ရသမျှအလှူငွေများ အားလုံးကိုရေဘေး/မိဘမဲ့ကလေးများ အား လှူဒါန်းသွားမယ်ဆိုတဲ့ ထိပ်ထားသခင်

ပရိသတ်တွေကိုချစ်စရာကောင်းတဲ့ video လေးတွေနဲ့ ဖမ်းစားထားတဲ့ ထိပ်ထားသခင် ဟာဆိုရင် သူမရဲ့ ချစ်စရာအမူအရာလေးတွေကြောင့် ပရိသတ်တွေရဲ့ ချစ်ခင်အားပေးခြင်းခံထားရသူလေးပါ။ ထိပ်ထားလေးက ခုဆိုရင် သရုပ်ဆောင်အလုပ်ကိုပါလုပ်ကိုင်နေပြီပဲ ဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ ချစ်ပရိသတ်တွေအတွက် ထိပ်ထားသခင် က ရေဘေးသင့်ပြည်သူတွေကို သူ့ရဲ့မွေးနေ့မှာ ရရှိတဲ့ အလှူငွေအားလုံးလှူဒါန်းမယ် ဆိုတဲ့အကြောင်း ကိုဖော်ပြပေးလိုက်ပါတယ်။


ထိပ်ထားသခင်က အရွယ်မရောက်သေးတဲ့ ကလေးပေမယ့် လူကြီးတစ်ယောက်လို သိနားလည်ပြီး စကားလုံးကြွယ်ဝတာကြောင့် ပရိသတ်တွေ အချစ်ပိုနေရတာပါ။ ထိပ်ထားလေးက သူဖေ့စ်ဘွတ်ပေါ်မှာ ရေဘေးဒုက္ခရောက်နေတဲ့ သူတွေကို တွေ့လိုက်တာကြောင့် အရမ်းစိတ်မကောင်းဖြစ်နေတာမို့လို့ သူ့မွေးနေ့ကျရင် သူ့ကို မွေးနေ့လက်ဆောင်တွေပေးကြမယ့်အစား ပိုက်ဆံပေးရင်ကောင်းမှာပဲ သူရေဘေးသင့်ပြည်သူတွေကို လှူချင်လို့ ဆိုပြီး ပြောထားပါသေးတယ်။

>ဒီနေ့မှာတော့ ထိပ်ထားသခင် ရဲ့ Pre birthday ကို ကျင်းပပြုလုပ်ခဲ့ပြီး ထိပ်ထားသခင် ရဲ့ ဖေ့စ်ဘွတ် page မှာ ခုလို ဖော်ပြထားပါတယ် ” မီဒီယာ ကိုကို၊ မမ တို့ ဖိတ်စာ ယူလာဖို့ မမေ့နဲ့နော် 😘😘😘မကြာခင် ကျင်းပတော့မယ့် သမီး မွေးနေ့ မှာ မွေးနေ့လက်ဆောင်အဖြစ် ရသမျှ အလှူငွေများ အားလုံးကို ရေဘေး/မိဘမဲ့ကလေးများ အတွက် လှူဒါန်းသွားမှာ ဖြစ်ပြီး မွေးနေ့ကိုလည်း ဖိတ်ကြားထားတဲ့ အထူး ဧည့်သည်တော်များနဲ့ အကျဉ်းချုံးပြီး ကျင်းပ ပြုလုပ်ဖို့ စီစဉ်ထားပါတယ်။


နေရာထိုင်ခင်း နဲ့ လူဦးရေကိုလည်း သတ်မှတ်ထားတာ ဖြစ်တာကြောင့် မီဒီယာမှ ကိုကို၊ မမ များ ဖိတ်စာ တစ်စောင်လျှင် (၂) ဦး နှုန်းဖြင့် ဖိတ်စာနှင့်တကွ ကြွရောက် ပေးကြဖို့ လေးစားစွာဖြင့် တောင်းဆို အပ်ပါတယ် 😍😍😍နီးမှ စီစဉ်လိုက်ရတာမို့ ဖိတ်ကြားမှု ကျန်ခဲ့တာမျိုး ရှိရင်လည်း သမီးကို နားလည်ပေးကြဖို့ တောင်းဆိုပါတယ်နော် 🙏🙏🙏အားလုံးကို ချစ်ပါတယ် 😍😍😍အားလုံးကို ကျေးဇူးတင်ပါတယ် 🙏🙏🙏 love you all ♥️♥️♥️” ဆိုပြီးပြောထားပါတယ်။


ကလေးဆိုပေမယ့် သူ့ရဲ့ပရဟိတ စိတ်ဓာတ်လေးက လေးစားလောက်ပါတယ်။ထိပ်ထားသခင် ရဲ့ ချစ်စရာကောင်းတဲ့ ပုံရိပ်ကလေးတွေကို ဖော်ပြထားတာပဲ ဖြစ်ပါတယ်။


ချစ်စရာကောင်းတဲ့ သမီးလေးထိပ်ထားသခင်ရဲ့ လေးစားစရာကောင်းတဲ့ ပုံရိပ်ကလေးတွေကို ပရိသတ်တွေ သဘောကျမှာပါ။ မိုမိုလေး