ရွှေ၂ရွှေကို သဘောကျလို့ သားလေးအလှည့်ကျရင် သူကြိုက်တဲ့ကောင်မလေးကို ရိုမန်တစ်ဆန်ဖို့ မေမေက နောက်ကပံ့ပိုးမယ် ဆိုတဲ့ မယ်လိုဒီ

မယ်လိုဒီဟာ ပျော်စရာကောင်းတဲ့ မိသားစုလေးကို ပိုင်ဆိုင်ထားသူပါ။ သူချစ်ရတဲ့ခင်ပွန်း ကိုသာကောင်းက စီးပွားရေးသမားတစ်ယောက် ဖြစ်ပါတယ်။ သူချစ်ရတဲ့ သားလေး သိဒ္ဓိစစ်ကတော့ ကျောင်းတက်နေတဲ့အရွယ်ဖြစ်ပြီး ပရိသတ်များစွာတို့ရဲ့ချစ်ခြင်းမေတ္တာကို ပိုင်ဆိုင်ထားတဲ့ ကလေးလေးပါ။

သရုပ်ဆောင်မယ်လိုဒီနဲ့ သူ့ရဲ့ သားလေး သိဒ္ဓိစစ်တို့ရဲ့ ပျော်ရွှင်စရာကောင်းတဲ့ ဓာတ်ပုံလေးတွေကို လူမှုကွန်ရက်ပေါ်မှာ မကြာခဏ တင်လေ့ရှိပြီး မယ်လိုဒီကိုချစ်တဲ့ ပရိသတ်တွေကလည်း သားလေးသိဒ္ဒိစစ်ကို ချစ်ကြပါတယ်။

မယ်လိုဒီကတော့ ရွှေထူးနဲ့ ရွှေမှုံရတီတို့ရဲ့ ရိုတာလေးတွေကို သဘောကျနေတာပဲဖြစ်ပါတယ်။ မယ်လိုဒီက “ရွှေ၂ရွှေကို သဘောကျတယ်၊ သားလေး အလှည့်ကျရင် သူကြိုက်တဲ့ ကောင်မလေးကို ရိုမန်တစ် ဆန်ဖို့ မေမေက နောက်က ပံ့ပိုးမယ် ဆို”ပြီး မီဒီယာတွေရဲ့ interview မှာပြောခဲ့တာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးအတွက် မယ်လိုဒီရဲ့ interview ဗီဒီယိုဖိုင်လေးကိုဖော်ပြပေးလိုက်ပါတယ်နော်။