” အသည်းကွဲနေတဲ့သူတွေအတွက် ရည်ရွယ်ပြီး သီချင်းအသစ်အမြည်းလေးဆိုပြခဲ့တဲ့ ချမ်းချမ်း

ချမ်းချမ်းဆိုတာနဲ့ အသံပါဝါကောင်းကောင်းနဲ့ သီဆိုတတ်တဲ့ တေးသံရှင်ဖြစ်ပြီး သူ့ရဲ့ အမိုက်စားသီချင်းတွေကို ပြေးမြင်မိကြမှာပါနော်။သူ့ရဲ့ သီချင်းခွေတစ်ခွေထွက်လာတိုင်း မိန်းကလေးပရိသတ်တွေအများအပြား သဘောကျခံရတဲ့ အမျိုးသမီးအဆိုတော်တစ်ဦး ပဲ ဖြစ်ပါတယ်။လက်ရှိမှာတော့ Single Mother တစ်ယောက်အဖြစ် သမီးလေးနဲ့ ပျော်ပျော်ရွှင်ရွှင် ဘဝကို ဖြတ်သန်းနေသူပါ။

ချမ်းချမ်းကတော့ သူ့သီချင်းတွေကို မျှော်လင့်စောင့်စားနေတဲ့ ပရိသတ်တွေကို သီချင်းအသစ်လေးတစ်ပုဒ်ကို ချပြတော့မယ်လို့ သိရပါတယ်။ သီချင်းအသစ်လေး ကို အောက်တိုဘာ လလယ်လေယက်မှာ တင်ပေးမှာ ဖြစ်ပြီး အခုချိန်မှာတော့ ပရိသတ်တွေအတွက် သီချင်းအမြည်းလေးကို သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ဝေမျှခဲ့တာပဲ ဖြစ်ပါတယ်။သီချင်းလေးနာမည်ကတော့ ” သွားခွင့်ရှိတယ် ” ဆိုတဲ့ သီချင်းလေးဖြစ်ပြီး အဆွေးဘက်သွားတဲ့ သီချင်းအမျိုးအစားလေးလို့ ဆိုရမှာပါ။

ချမ်းချမ်းကတော့ အသည်းကွဲသူတွေအတွက် ရည်ရွယ်ပြီး သီဆိုထားကြောင်းကို ” မကြာခင် ထွက်ရှိတော့မယ့်…သီချင်းအသစ်လေးတစ်ပုဒ်… အသည်းကွဲသူတွေအတွက် ရည်ရွယ်ပြီးဆိုပေးထားတာ။သီချင်းလေးကိုအမြည်းနားဆင်ပေးနော်…အောက်တိုဘာ လ အလယ်လောက်တင်ပေးပါတယ်နော်..ပကိတ်သတ်ကြီးရေအားပေးပါဦး။သီချင်းလေးနာမည်က (သွားခွင့်ရှိတယ်)။တေးရေးအသစ်ပါ..မြတ်ခိုင်လို့ခေါ်ပါတယ်…အရည်အသွေးရှိသူလေးမို့ ပရိတ်သတ်ကြီးနားဆင်ပေးပါနော်။ ” ဆိုပြီး ဗီဒီယိုဖိုင်လေးနဲ့အတူ ဝေမျှခဲ့တာပါ။ ပရိသတ်ကြီးရော အသည်းကွဲနေသူတွေရှိရင် ချမ်းချမ်းရဲ့ အသည်းကွဲသီချင်းသစ်အမြည်းလေးကို နားထောင်ကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်နော်။

Source :Chan Chan