သမီးနဲ့သား ဓာတ်ပုံရိုက်ပေးတာ ခံနေကြတဲ့ ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင် တို့ဇနီးမောင်နှံ

အများကချစ်ခင်အားကျရတဲ့မိသားစုဘဝကို ပိုင်ဆိုင်ထားကြတဲ့ အနုပညာရှင်ဇနီးမောင်နှံတွေထဲမှာ သရုပ်ဆောင် အကယ်ဒမီ ပြေတီဦး နဲ့ အကယ်ဒမီ အိန္ဒြာကျော်ဇင် တို့ဇနီးမောင်နှံ ဟာဆိုရင် သရုပ်ဆောင်လောကမှာ ဇနီးမောင်နှံ နှစ်ယောက်လုံးက အောင်မြင်မှုများစွာရရှိထားတဲ့ ပရိသတ်အချစ်တော်စုံတွဲပဲ ဖြစ်ပါတယ်။ သူတို့ဇနီးမောင်နှံ မှာဆိုရင် ချစ်စရာကောင်းတဲ့ သမီးလေးနဲ့ သားလေး ကိုပိုင်ဆိုင်ထားပြီး အနုပညာအလုပ်တွေကြိုးစားလုပ်ရင်း အေးချမ်းသာယာတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ်။


သူတို့ဇနီးမောင်နှံက သမီးလေး နဲ့ သားလေးတို့ရဲ့ ချစ်စရာကောင်းတဲ့ ပုံရိပ်ကလေးတွေကို ချစ်ပရိသတ်တ်ေအတွက် ဖော်ပြပေးလေ့ရှိသလို မိသားစု ကြည်နူးစရာကောင်းတဲ့ video file လေးတွေကိုလည်း မျှဝေပေးလေ့ရှိပါတယ်။


ဒီတစ်ခါမှာတော့ အိန္ဒြာကျော်ဇင်က ” ကိုယ်တွေက ကိုယ့် personal photographer နဲ့ကိုယ်ပဲလေ…😂😂” ဆိုပြီး သမီးနဲ့သား က သူတို့ဇနီးမောင်နှံ နှစ်ဦးကို ဓာတ်ပုံရိုက်ပေးနေတဲ့ ပုံလေးတွေကို ဖော်ပြထားပါတယ်။


ဖေဖေ နဲ့ မေမေ ကို သေချာရိုက်ပေးနေကြတဲ့ သုသု နဲ့ဖိုးဓီ


သားလေး ဖိုးဓီ ရိုက်ပေးတဲ့ ပုံလေး


ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ရဲ့ သမီးနဲ့သား က သူတို့အဖေနဲ့ အမေ ကို ဓာတ်ပုံရိုက်ပေးနေတဲ့ ပုံလေးတွေကိုပရိသတ်တွေ သဘောကျလိမ့်မယ် ထင်ပါတယ်။ ကြည့်ရူပေးကြတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။

Credit-မိုမိုလေး