လွိုင်ကော် စက်မှုကျောင်းမှ ပထမနှစ်ကျောင်းသူတစ်ဦး ကြိုးဆွဲချသေဆုံး

၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၁၀) ရက်နေ့ ညပိုင်းတွင် ကယားပြည်နယ်၊ လွိုင်ကော်မြို့ရှိ စက်မှုကျောင်းလာတက်နေသည့် ကျောင်းသူတစ်ဦး နေထိုင်သည့်နေအိမ်ခန်းအတွင်း ကြိုးဆွဲချသေဆုံးသွားသဖြင့် စစ်ဆေးနေကြောင်း သိရသည်။

လွိုင်ကော်မြို့ နာနတ်တောရပ်ကွက်ရှိ နေအိမ်၌ အမျိုးသမီးတစ်ဦး ကြိုးဆွဲချသေဆုံးနေကြောင်း အောက်တိုဘာလ (၁၀) ရက်နေ့ ည (၇) နာရီဝန်းကျင်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးက လွိုင်ကော်မြို့မရဲစခန်း သို့ အကြောင်းကြားလာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါသေဆုံးရခြင်းအကြောင်းရင်းအားစစ်ဆေးနိုင်ရန် အလောင်းအား လူမှုကူညီရေးအသင်းကားဖြင့် လွိုင်ကော်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားပြီး လွိုင်ကော်မြို့မရဲစခန်းတွင် သေမှုသေခင်း အမှတ်စဉ် (၁၆/၂၀၁၉) ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။

Credit-MON