ရှုတင်အဖွဲ့သားတွေနဲ့အတူတူ မေမေဒေါ်သိင်္ဂီစံထွားကို မွေးနေ့ပွဲလေးလုပ်ပေးခဲ့တဲ့ ဖွေးဖွေး

နိုင်ငံကျော် မင်းသမီးချောလေး ဖွေးဖွေးဟာ အနုပညာသက်တမ်း (၁၀)နှစ်ကျော်အတွင်း အကယ်ဒမီဆု သုံးဆုတိတိ ဆွတ်ခူးရရှိထားသူလေး ဖြစ်ပါတယ်။ ဖွေးဖွေးက လက်ရှိမှာတော့ အသက်သုံးဆယ်ကျော်အရွယ်ကို ရောက်ရှိနေပြီဖြစ်ပေမယ့် သူမချစ်ရတဲ့ မိသားစုတွေနဲ့သာ အတူတကွ နေထိုင်ရင်း အနုပညာလုပ်ငန်းတွေကို လုပ်ကိုင်နေဆဲ ဖြစ်ပါတယ်။ နွေးထွေးပြီး ပျော်စရာကောင်းတဲ့ ဖွေးဖွေးတို့ မိသားစုလေးကို ပရိသတ်တွေကလည်း အားကျကြတာ ဖြစ်ပါတယ်။

မနေ့က အောက်တိုဘာလ (၁၁) ရက်နေ့ကတော့ ဖွေးဖွေးရဲ့မိခင် ဒေါ်သိင်္ဂီစံထွားရဲ့ မွေးနေ့လေးပဲ ဖြစ်ပါတယ်။ ဖွေးဖွေးက သူမမေမေရဲ့ မွေးနေ့လေးကို ရိုက်ကွင်းပေါ်မှာပဲ အဖွဲ့သားတွေနဲ့အတူတူ ကျင်းပပြုလုပ်ပေးခဲ့တာ ဖြစ်ပါတယ်။

Happy Birthday ပါ အန်တီ???

သားအမိနှစ်ယောက် ချစ်စရာလေးတွေ ??

ဖွေးဖွေးကတော့ သူမ မေမေရဲ့ မွေးနေ့ကို အလုပ်တွေလုပ်နေတဲ့ကြားကပဲ ရအောင်ဖန်တီးပေးခဲ့တာ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ဖွေးဖွေးတို့ သားအမိရဲ့ ချစ်စရာကောင်းတဲ့ ပုံရိပ်တွေကို သဘောကျကြမယ် ထင်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

Credit-မိုမိုလေး