မြန်မာ့ဂုဏ်ဆောင်အောင်လအန်ဆန်းရဲ့ နောက်ထပ်ဝမ်းသာစရာသတင်းကောင်း

မြန်မာနိုင်ငံသားတွေအတွက် အမြဲတမ်းဂုဏ်မဆုံးဖြစ်နေရတဲ့ ကျွန်တော်တို့ရဲ့ ဂုဏ်ဆောင် လူငယ်တွေအတွက် အမြဲတမ်းအမှတ်ရနေရတဲ့ ဖိုက်တာကြီး အောင်လအန်လ်ဆန်ကတော့ အမိမြေမြန်မာနိုင်ငံကြီးကို ဘယ်လောက်ထိ မြတ်နိုးတွယ်တာလဲဆိုတာ နိုင်ငံရပ်ခြားမှာ မိသားစုနဲ့ အတူနေထိုင်သော်လည်း သူချစ်မြတ်နိုးတဲ့အားကစားကို မြန်မာနိုင်ငံကို ကိုယ်စားပြုပြီး ကစားနေတာပဲဖြစ်ပါတယ်။

Image may contain: 7 people, people smiling, people standing

အောင်လအန်ဆန်ရဲ့ဇနီးနဲ့ သားလေးကလည်း သာယာလှပတဲ့ မြန်မာပြည်ကြီးကို ချစ်ခင်မြတ်နိုးတာကြောင့် အမြဲလိုလို လာရောက်လည်ပတ်လေ့ရှိကြပါတယ်။ Burmese Python၊ MMA ရဲ့အကောင်းဆုံးဖိုက်တာတစ်ယောက်။ သံလှောင်အိမ်ထဲမှာတော့ အဲဒီလိုမျိုးဂုဏ်ပုဒ်တွေနဲ့ ကိုက်ညီနေအောင်လို့ အောင်လအန်ဆန်မှာ ခက်ထန်မှုတွေ၊ ကြမ်းတမ်းမှုတွေ အပြည့်ရှိနေရပါတယ်

Image may contain: 6 people, people smiling, people standing

ကြိုးဝိုင်းထဲက သူရဲ့ မျက်လုံးတွေကတော့ တောက်ပမှုအပြည့်၊ပြိုင်ဘက်ကို ဘယ်လို အသာစီးရယူမလဲ ၊ဘယ်လိုနှိမ်နင်းမလဲ ဆိုတာတွေနဲ့ ပြည့်နက်နေပြီး ကြိုးဝိုင်းထဲက ထွက်လိုက်တာနဲ့ အောင်လအန်ဆိုင်ဟာ လုံးဝပြောင်းလဲသွားပါတော့တယ်။

Image may contain: 2 people, people smiling, people standing, ocean, beach, child, outdoor, water and nature

ကြိုးဝိုင်းထဲမှာ ခက်ထန်မှုတွေနဲက ပြည့်နှက်နေသလောက် အောင်လအန်ဆန်းရဲ့ ပြင်ပနေထိုင်မှုဘဝကတော့ သိပ်ကို အေးချမ်းလွန်းပါတယ်။

Image may contain: 2 people, people smiling, people standing

သူကတော့ အသက်ထပ်ချစ်ရတဲ့ ချစ်ဇနီးလေး၊ချစ်စရာသားလေးအဒီးလေးတို့နဲ့အတူ ဘဝကို ပျော်ရွှင်စွာ ဖြတ်သန်းပါတယ်။လက်ရှိမှာတော့ အောင်လအန်ဆန်းဟာ နောက်ထပ် ရင်သွေးငယ်လေးကို ပိုင်ဆိုင်ရတော့မယ့်အကြောင်းကို “ယောင်္ကျားလေးလား? မိန်းကလေးလား? Boy or Girl? “လို့ သူရဲ့ လူမှုကွန်ရက် စာမျက်နာမှ ဖော်ပြထားပါတယ်။

Image may contain: 3 people, people smiling, people sitting and night

ပရိသတ်ကြီးရေ ဒုတိယမြောက်ရင်သွေးလေး ပိုင်ဆိုင်တော့မယ့် အောင်လအန်ဆန်း ကို ဂုဏ်ပြုစကားလေးပြောသွားပါဦးနော်။

Credit-MON