ပထမအချီမှာတင် ရှုံးခဲ့တဲ့ ဖိုးသော်ကို အားပေးစကားပြောခဲ့တဲ့ နှစ်ထပ်ကွမ်း ရွှေခါးပတ်ပိုင်ရှင် အောင်လအန်ဆန်း

ဖိုး ဘူရှီဒို သော် တစ်ယောက် ပြန်လာနိုင်မလား…သူ့ကို အားပေးနေဆဲ ပရိသတ်တွေ အတွက် အကောင်းဆုံး ဆက်ကြိုးစားမယ် ဆိုတဲ့ ဖိုးသော်။

မြန်မာပြည်က သိုင်းပေါင်းစုံ ကစားသမား ဘူရှီဒို ဖိုးသော် ဟာ အောက်တိုဘာ ၁၃ ရက် နေ့က ဂျပန်နိုင်ငံ တိုကျို မြို့တော်မှာ ကျင်းပခဲ့တဲ့ စင်ကာပူ အခြေစိုက် ONE ချန်ပီယံရှစ် ကိုယ်ခံပညာ ပေါင်းစုံ ပြိုင်ပွဲ ရဲ့ ရာပြည့် Century ပွဲ ဖယ်သာဝိတ်တန်းမှာ တောင်ကိုရီးယား ပြိုင်ဘက် Yoon Chang Min ကို ပထမ အချီမှာ တင် အရှုံးပေးခဲ့ရပေမယ့် “သူ့ဘက်မှာ ရှိနေပေးတဲ့ သူတွေအားလုံးအတွက် အကောင်းဆုံး ဆက်ပြီး ကြိုးစားပေးပါမယ်” လို့ သူ့ရဲ့ လူမှုကွန်ရက် ဖေ့စ်ဘွတ် စာမျက်နှာက တဆင့် ပရိသတ်ကို အသိပေးလိုက်ပါမယ်။

လက်ရှိ ONE ရဲ့ နှစ်ထပ်ကွမ်း ရွှေခါးပတ်ရှင် မြန်မာ့စပါးအုံး အောင်လအန်ဆန်ကလည်း ဖိုးသော် အတွက် အားပေးစကား ပြောခဲ့ပြီး ရှုံးပွဲကို သင်ခန်းစာယူကာ ပိုကောင်းအောင် ကြိုးစားဖို့ လူမှုကွန်ရက်မှာ မှတ်ချက် မှာ ပြုခဲ့ပါတယ်။

ONE ရာပြည့် အထူးပွဲရဲ့ နောက်ဆုံး ခေါင်ပွဲ မှာ ဘရန်ဒန်ဗဲရာကို အနိုင်ယူပြီး လိုက်ဟဲဗီးဝိတ် ရွှေခါးပတ်ကို ဆက်ထိန်းထားနိုင်တဲ့ အောင်လအန်ဆန် အတွက် ဖိုးသော်ကလည်း ပြန်လည် ဂုဏ်ပြု စကား ဆိုထားပြီး “မနေ့ကသင်ခန်းစာတွေကို အတွေ့အကြုံယူပြီး ဒီနေ့မှာ အကောင်းဆုံးကြိုးစားရင်း မနက်ဖြန်အတွက် အဆင်သင့်ပြင်မယ်” လို့ လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

ဖိုး ဘူရှီဒို သော် တစ်ယောက် နိုင်ပွဲတွေဆီ ပြန်လာနိုင်မလား။ ကိုယ်ခံပညာ အားကစား ဝါသနာ ပါသူ ပရိသတ်တွေရဲ့ ယဉ်ကျေးစွာနဲ့ ပြန်လည် ဆွေးနွေးချက်တွေကို မှတ်ချက်မှာ အများနဲ့ အတူ ပြန် ဖတ်ချင်ပါတယ်။

Credit-ဘီဘီစီ