နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဟစ်တလာမဖြစ်သွားစေရေး တစ်ပြည်လုံးတွင် တာဝန်ရှိသည်ဟု ဒေါက်တာညိုညိုသင်းပြောကြား

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဟစ်တလာမဖြစ်သွားစေရန်အတွက် တစ်ပြည်လုံးတွင် တာဝန်ရှိသည်ဟု ရန်ကုန်မြို့ ပတ်ခ်ရွိုင်ရယ်ဟိုတယ်၌ အောက်တိုဘာ ၂၀ရက်က ကျင်းပသော အမျိုးသမီးများနှင့် ရွေးကောက်ပွဲ နိုင်ငံရေးခေါင်းစဉ်ဖြင့် စကားဝိုင်းတွင် ရန်ကုန်စောင့်ကြည့်ရေးအဖွဲ့ တည်ထောင်သူ ဒေါက်တာညိုညိုသင်းက ပြောကြားခဲ့ကြောင်း သိရှိရသည်။

Image may contain: 1 person

“ ကျွန်မ မလိုချင်တဲ့နောက်လိုက်အမျိုးအစားတွေကို ကျွန်မပြောပါရစေ။ ကမ္ဘာ့သမိုင်းမှာ အင်မတန်ကို နာမည်ကြီးတဲ့ ဟစ်တလာဂျူးတွေကို သတ်ခဲ့တဲ့ဟစ်တလာကို သူ ဟစ်တလာဟာ ရွေးကောက်ပွဲက တက်လာတာဖြစ်ပါတယ်။ နောက်လိုက်တွေ တစ်ပြုံကြီးက သူ့ကို တစ်ခဲနက်မဲပေးလိုက်တဲ့အတွက်ကြောင့်မို့လို့ ဟစ်တလာဖြစ်လာတာ ဖြစ်ပါတယ်။ ဟစ်တလာ ဘာဖြစ်လို့ ဟစ်တလာဖြစ်သွားလဲ။ ဂျူးတွေကို သတ်တဲ့ ဟစ်တလာဖြစ်သွားလဲ။ သူပြောသမျှ၊ သူလုပ်သမျှကို ဝေဖန်ခြင်းမရှိ၊ စဉ်းစားခြင်းမရှိ၊ ဘာလုပ်လုပ် မှန်တယ်လို့ ထောက်ခံတဲ့ နောက်လိုက်တွေကြောင့် ဟစ်တလာဖြစ်သွားတာဖြစ်ပါတယ်။

Image may contain: 1 person, sitting

၂၀၁၅ရွေးကောက်ပွဲမှာ တစ်ပြည်လုံးက လက်သန်းတွေနဲ့ ရွေးကောက်လိုက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဟစ်တလာဖြစ်မသွားဖို့အတွက် တစ်ပြည်လုံးမှာ တာဝန်ရှိပါတယ်။ အဲဒီတော့ ဒေါ်အောင်ဆန်းစုကြည်ကို ဟစ်တလာဖြစ်စေမယ့် နောက်လိုက်တွေ ကျွန်မမလိုချင်ပါဘူး။ ကျွန်မတို့နိုင်ငံ အဲဒီလို နောက်လိုက်တွေ မလိုအပ်ပါဘူး’’ဟု ၎င်းက ပြောသည်။နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် တိုင်းပြည်က မလိုအပ်တော့သည့်အချိန်တွင် ရာထူးအာဏာများ စွန့်လွှတ်ကာ အနားယူသွားချင်သည်ဟု ပြောခဲ့ကြောင်း NLD ပါတီဗဟိုအလုပ်အမှုဆောင် ဒေါက်တာမျိုးညွန့်က ပြောကြားထားသည်။

Credit-MON