အောင်လအန်ဆန်မိသားစုကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဂျပန်နိုင်ငံတွင် တွေ့ဆုံအားပေး

ဂျပန်ဧကရာဇ် ထီးနန်းတက်ဂုဏ်ပွဲပြု အခမ်းအနားကို တက်ရောက်ဖို့ ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ရောက်ရှိနေ​တဲ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ သူတည်းခိုတဲ့ ဟိုတယ်မှာ ဒီကနေ့ ညနေပိုင်းက အောင်လအန်ဆန်မိသားစုနဲ့ တွေ့ဆုံခဲ့ပါတယ်။

74301031_1360128397480209_7567913193675161600_n

ဒီလိုတွေ့ဆုံရာမှာ ဒေါ်အောင်ဆန်းစုကြည်က အောင်လအန်ဆန်းအတွက် ဂုဏ်ယူဝမ်း​မြောက်ကြောင်း အား​ပေးစကား ​ပြောကြားခဲ့တယ်လို့ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက သတင်းထုတ်ပြန်ပါတယ်။

73533126_1360128434146872_7469999359644401664_n

အောင်လအန်ဆန်ဟာ အောက်တိုဘာ ၁၃ ရက်က တိုကျိုမြို့မှာကျင်းပခဲ့တဲ့ ONE Championship Century MMA ပြိုင်ပွဲမှာ ကမ္ဘာ့ ဟဲဗီးဝိတ်ချန်ပီယံ ဘရမ်ဒမ်ဗီရာကို ဒုတိယ အချီမှာ အလဲထိုး အနိုင်ရပြီး လိုက်ဟဲဗီးဝိတ်တန်းချန်ပီယံဆုကို ကာကွယ်နိုင်ခဲ့တာပါ။ပွဲအပြီးမှာ မိသားစုနဲ့အတူ ဂျပန်နိုင်ငံက ကမ္ဘာလှည့်ခရီးသွားအနေနဲ့ အလည်အပတ် ဆက်လက်နေထိုင်နေတာ ဖြစ်ပါတယ်။

Credit-ဒီဗွီဘီ