ဒေါ်အောင်ဆန်းစုကြည်ရဲ့ အားပေးစကားတွေကြောင့် ဖြစ်ပေါ်လာတဲ့ ပီတိတွေကို ပြောပြလာတဲ့ အောင်လအန်ဆန်း

ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှာရောက်ရှိနေတဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ဟာ Aung La Nsang မိသားစုနှင့် တွေ့ဆုံ ပြီး ဂုဏ်ယူဝမ်းမြောက်ကြောင်း အားပေးစကား ပြောကြားခဲ့ပါတယ်။ နိုင်ငံဂုဏ်ဆောင် အောင်လအန်ဆန်းကတော့ဂျပန်နိုင်ငံမှာ မိသားစုနဲ့အတူ အနားယူနေတာပဲ ဖြစ်ပါတယ်။

အောင်လအန်ဆန်းကတော့ ” ကျွန်တော်တို့မိသားစုအတွက်အရမ်းနှစ်လိုဖွယ်ကောင်းတဲ့အံအားသင့်ဖွယ်တွေ့ဆုံမှုတခုအဖြစ်..နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံခွင့်ရခဲ့ပါတယ်.ကျွန်တော်တို့စကားလက်ဆုံကျနေရင်းနဲ့ကျွန်တော်တသက်လုံးသိကျွမ်းရင်းနှီးလာတဲ့မိသားစုဝင်တစ်ယောက်နဲ့စကားစမြည်ပြောနေရသလိုခံစားလာရပါတယ် ” ဆိုပြီး ရေးသားထားခဲ့ပါတယ်။

အောင်လအန်ဆန်းကတော့ ” အန်တီစုကအရမ်းသဘောကောင်းပြီးနှစ်လိုဖွယ်ကောင်းပါတယ်.ကျွန်တော်မိသားစုအန်တီစုကိုလေးစားချစ်ခင်ပြီး.အန်တီစုကလည်းကျွန်တော့်ကိုပိုကောင်းတဲ့လူတစ်ယောက်ဖြစ်အောင်ပိုပြီးစိတ်အားထက်သန်ဖို့အတွက်အားပေးစကားတွေပြောပါတယ်.ဒီတွေ့ဆုံမှုကကျွန်တော်ရဲ့ဂျပန်ခရီးစဉ်အတွက်စိတ်လှုပ်ရှားဖွယ်အမှတ်ရစရာအခိုက်အတန့်ပါပဲ.ကျေးဇူးအထူးတင်ပါတယ်..အန်တီစု ” ဆိုပြီး ရေးသားထားခဲ့ပါတယ်။