ဧရာဝတီတိုင်းဒေသကြီး၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် ထီလက်မှတ်တစ်စောင်လျှင် ၁၅၀၀ ကျပ်အထိ တိုးမြင့်ပေးဝယ်နေရ

ဧရာဝတီတိုင်းဒေသကြီး မော်လမြိုင်ကျွန်းမြို့နယ်တွင် ကျပ်(၁၀၀၀)တန် အောင်ဘာလေထီလက်မှတ်များကို ပိုမိုဈေးတင်ရောင်းလာကြပြီး တစ်ဆောင်လျှင် (၁၅၀၀)ကျပ်အထိ ပေးဝယ်နေရကြောင်း ဒေသခံပြည်သူများထံမှ သိရသည်။

Image may contain: one or more people and people sitting

“သိန်းတစ်သောင်းခွဲစု (၁၀)ဆောင်တွဲတစ်အုပ်ကို စရောင်းတဲ့အချိန်တုန်းက (၆၀၀)နဲ့ ထိုးရတယ် ခုနှစ်မှာတော့ (၁၅၀၀)အထိဖြစ်လာတယ် အခုအခြေအနေကိုကြည့်ရင် သေချာတယ် နောက်အခုထက် ထက်တက်လာပါလိမ့်အုံးမယ် အစိုးရက သတ်မှတ်တဲ့ နှုန်းထားထက် အနည်းငယ်ပိုရင်တောင်မပြောဘူး အခုတော့ တော်တော်ပို နေတာပါ” ဟု မော်လမြိုင်ကျွန်းမြို့မှ ဒေသခံပြည်သူများမှ ပြောကြားခဲ့ကြောင်းသတင်းရရှိသည်။

Image result for အောင်ဘာလေထီဆိုင်

မူရင်းရောင်းဈေး ကျပ်(၁၀၀၀)ထက် (၂၀၀)ကျပ်ပိုမိုရောင်းချသော်လည်း ထီရောင်းသူတစ်ဦးလျှင် တစ်ရက်ဝင်ငွေ (၃၀၀၀) ကျပ်မှ (၃၅၀၀)ကျပ်အထိသာ ရရှိနေကြပြီး ကျပ်(၁၀၀၀)တန် အောင်ဘာလေ ထီလက်မှတ်မရောင်းခင်နှစ်များထက် ဝင်ငွေရရှိမှုလျှော့နည်းလာကြောင်း ထီရောင်းချသူများထံမှ သိရသည်။

Credit-MON