မြန်မာနိုင်ငံအတွက် ရွှေရောင်အိမ်မက်တွေကို ပြန်သယ်ဆောင်လာပေးတဲ့ ကြက်တောင်မယ် သက်ထားသူဇာ

အရမ်းချစ်ဖို့ကောင်းပြီး မြန်မာနိုင်ငံအတွက် အမြဲလိုလို ရွှေရောင်ဆုတံဆိပ်တွေ သယ်ဆောင်လာပေးတဲ့ မြန်မာ့ဂုဏ်ဆောင်ကြက်တောင်မယ် သက်ထားသူဇာက ယခုအခါမှာလည်း Egypt International Series 2019 ပြိုင်ပွဲမှာ Wales ကJordan Hart ကို ပထမပိုင်းပွဲမှာ ၂၁-၆ နဲ့ အပြတ်အသတ်နိုင်ခဲ့ပြီး ဒုတိယပွဲမှာ တဖက်ကစားသမားက ၁၂-၁ နဲ့အရှူံးပေးသွားခဲ့လို့ချန်ပီယံ ဆုကိုထိုက်ထိုက်တန်တန်အနိုင်ရရှိခဲ့ပါတယ်။


အနိုင်ရရှိပြီးနောက် အောက်တိုဘာ(၂၂)ရက်နေ့ ည ၉ နာရီဝန်းကျင်မှာ ရန်ကုန်လေဆိပ်ကိုပြန်လည်ရောက်ရှိခဲ့ပြီး မီဒီယာများနဲ့ ပရိတ်သတ်တချို့က လေဆိပ်မှာ လာရောက်ကြိုဆိုခဲ့ပါတယ်။


သက်ထားသူဇာ ကိုယ်တိုင်ကလည်း အရင်နှစ်ကတည်းက သွားရောက်ယှဉ်ပြိုင်ခဲ့ဖူးတာကြောင့် အခက်အခဲ အများကြီးမရှိကြောင်းနဲ့ Egypt ကွင်းနဲ့ ပါတ်သတ်ပြီး အတွေ့အကြုံရှိကြောင်း ပြောပြခဲ့ပါတယ်။Egypt က သူရဲ့အောင်မြေလိုဖြစ်နေတာကြောင့် နောင်နှစ်ပွဲတွေမှာလည်း အကောင်းဆုံးကြိုးစားသွားမယ်လို့လည်း ပြောခဲ့ပါတယ်။


Final ပွဲကို ကိုယ်တိုင်ကိုယ်ကျလာရောက်အားပေးတဲ့ မြန်မာနိုင်ငံသူ/သားများ၊ အီဂျစ်အာရပ်သမ္မတနိုင်ငံဆိုင်ရာ၊ မြန်မာသံအမတ်ကြီး ?? ဦးမြင့်လွင် နှင့် ဇနီး ဒေါ်ခင်သီဝင်း၊ Online မှ တစ်ဆင့်ပွဲအဖြေကိုစောင့်ကြည့်အားပေးကြတဲ့သူတွေအားလုံးကိုကျေးဇူးအများကြီးတင်ကြောင်း Thet Htar Thu Zar Page ကနေတစ်ဆင့် ပြောပြခဲ့ပါတယ်။ ပရိတ်သတ်တွေကရော ချစ်ဖို့ကောင်းတဲ့ သက်ထားသူဇာ ကို အားပေးလိုက်ကြပါအုံးနော်။

Credit-မိုမိုလေး