မြန်မာ ဖူဆယ်အသင်း ထိုင်းအသင်းကို ၉ ဂိုးပြတ် ရှုံးနိမ့်

ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့မှာ ဒီကနေ့ယှဉ်ပြိုင်ကစားခဲ့တဲ့ AFF HD Bank Futsal Championship 2019 ပြိုင်ပွဲ အုပ်စု နောက်ဆုံးပွဲစဉ်မှာ ထိုင်းအသင်းက မြန်မာ့လက်ရွေးစင် ဖူဆယ် အသင်းကို ၉-၀ ဂိုးနဲ့ အနိုင်ရသွားပါတယ်။

Image result for မြန်မာ ဖူဆယ်အသင်း ထိုင်းအသင်းကို ၉ ဂိုးပြတ် ရှုံးနိမ့်

မြန်မာအသင်းဟာ ပြီးခဲ့တဲ့ အုပ်စုပွဲစဉ် နှစ်ပွဲမှာ အနိုင်ရထားတာကြောင့် ထိုင်းအသင်းကို ရှုံးနိမ့်ခဲ့ပေမယ့် ဆီမီးဖိုင်နယ် အဆင့်ကို အုပ်စု ဒုတိယနဲ့ တက်ရောက်နိုင်ခဲ့ပါတယ်။

Image result for မြန်မာ ဖူဆယ်အသင်း ထိုင်းအသင်းကို ၉ ဂိုးပြတ် ရှုံးနိမ့်

မြန်မာအသင်းဟာ ဆီမီးဖိုင်နယ် ပွဲစဉ်အဖြစ် ဗီယက်နမ်၊ အင်ဒိုနီးရှား၊ ဩစတြေးလျနဲ့ မလေးရှားတို့ ပါဝင်တဲ့အုပ်စု(ခ)မှ ပထမရတဲ့ အသင်းနဲ့ အောက်တိုဘာ ၂၅ ရက်နေ့မှာ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။

Credit-ဒီဗွီဘီ