ပခုက္ကူ တွင်မြေဖို့ရန်ယူလာသောဖို့မြေများမှရှေးဟောင်း ဗြိတိန် ငွေဒင်္ဂါးများတွေ့ရှိ

ကျွန်တော်တို့ နေထိုင်ရာ မြန်မာနိုင်ငံကြီးဟာ သမိုင်းကြီးအားဖြင့်လည်း ထူးဆန်းထွေပြားသလို ၊ အမွေအနှစ်များအားဖြင့်လည်း ပြည့်နှက်နေတဲ့ တိုင်းပြည်ကြီးတစ်ခုပဲ ဖြစ်ပါတယ်။ သမိုင်းကြောင်းနဲ့ နေထိုင်ခဲ့ကြတဲ့ သူတွေ ပီပီ သမိုင်းအမွေတွေဟာလည်း နေရာအနှံ့အပြားကနေ ထွက်ပေါ်လာနေခဲ့တာ အားလုံးအသိပဲ ဖြစ်ပါတယ်။ကမ္ဘောဇသာဒီနန်းတော် ၊ သရေခေတ္တရာ မြို့ဟောင်း စတာတွေကိုလည်း အားလုံးကြားသိဖူးကြမယ်ထင်ပါတယ်။

ဒီကြားမှာ ဟိုနား ဘုရားဆင်းတုတွေ တွေ့ ၊ ဒီနားမှာ သမိုင်းအမွေတွေ တွေနဲ့ အခုလိုဘိုးဘွားအမွေတွေပြည့်နှက်နေတဲ့တိုင်းပြည်ဖြစ်တယ်ဆိုတဲ့ သက်သေပဲ ဖြစ်ပါတယ်။

အခုလည်း အောက်တိုဘာလ ၂၂ ရက်နေ့က ပခုက္ကူမြို့ အမှတ် (၁၄) ရပ်ကွက် ၊ ပိတောက်လမ်း သဘာဝဘေးဒဏ်ခံဘက်ဆုံသုံး အဆောက်အဦမြေဖို့ဖို့ သယ်လာတဲ့မြေတွေထဲကနေ ငွေဒင်္ဂါးပြားတွေ ရှာတွေ့ခဲ့တယ်လို့ သိရပါတယ်။ ဒီဒင်္ဂါးပြားတွေကိုတော့ သက်ဆိုင်ရာ တာဝန်ရှိသူတွေကို ကြည့်ရှုစစ်ဆေးပြီးတော့ သမိုင်းဆိုင်ရာ အမွေအနှစ်ဟုတ်မဟုတ် သိရပြီးရင်တော့ ဟုတ်ခဲ့ရင် နိုင်ငံတော် အနေနဲ့အဆများစွာဖြင့် ပေးဝယ်တာမျိုးလုပ်လေ့ရှိတယ်လို့သိရပါတယ်။

Credit- SYL