အိမ်ပြောင်းတာတောင်နံရံက ပုံလေးတွေပြဲမှာကြောက်လို့ နံရံလိုက်ခွာယူလာတဲ့အထိ အားပေးတဲ့ဇင်အိခိုင်ကြောင့် အံ့အားသင့်ခဲ့ရတဲ့ မိုးအောင်ရင်

နိုင်ငံကျော်မင်းသားချောလေး မိုးအောင်ရင်အတွက်ကတော့ အားပေးကြတဲ့ပရိသတ်ရှိတာမဆန်းပေမယ့် သူကတော့ (၁၀)နှစ်ကျော်အားပေးလာတဲ့ အမာခံပရိသတ်မဇင်အိခိုင်ရဲ့ ဆန္ဒလေးတစ်ခုကို ဖြည့်ပေးရင်း အိမ်ကိုသွားလည်ခဲ့ပါတယ်။မဇင်အိခိုင်ကတော့ ဘ၀ပေးအခြေအနေမကောင်းခဲ့ပေမယ့် သူအသက်(၁၀)နှစ်လောက်မှာကြည့်ခဲ့ရတဲ့ “မေမေချစ်တဲ့ သားကြီး” ဗီဒီယိုဇာတ်ကားကိုကြည့်ပြီး မိုးအောင်ရင်ကိုချစ်တဲ့စိတ်နဲ့ ဘ၀ကိုဖြတ်သန်းနေသူပဲဖြစ်ပါတယ်။မိုးအောက်ရင် ရောက်ရှိသွားချိန်မှာတော့ အံ့အားသင့်မှုများစွာနဲ့ကြုံတွေ့ခဲ့ရတယ်လို့ သိရပါတယ်။


သူကို အံ့အားသင့်စေတာတွေကတော့ “ဒီကိုရောက်လာပြီမှ TV မှာ သူဟာနဲ့သူ သူကပရိုဂရမ်လေးလုပ်ထားတယ်။သီချင်းလေးနဲ့အဲမှာမှ ကျွန်တော်နဲ့သူနဲ့ပုံလေးတွေကိုအဲလိုလေးလုပ်ထားတယ်။အဲဒါကိုအရမ်းအံ့သြတယ် ပြီတော့ နံရံမှာကပ်ထားတဲ့ပုံတွေ သူကအိမ်ပြောင်းတဲ့အချိန်မှာတောင်နံရံမှာ ကပ်ထားတဲ့ပုံတွေကိုပေးမခွာဘူး။ဒီနံရံလိုက်ကြီးဖြုတ်ယူလာဖို့ဆိုတာ တော်တော်မလွယ်တဲ့အလုပ်ပဲ၊အိမ်ကမိဘတွေကလည်း တော်တော်ကို Supporting ကောင်းကောင်းပေးထားမှရမှာ မဟုတ်လိုရှိရင်တော့ မလွယ်ဘူး။အဲတော့ မိဘတွေကိုကျေးဇူးတင်ချင်တယ်။”လို့ပြောထားပါတယ်။

” သူပျော်ဖို့အတွက်လာတာပါ၊ ကျွန်တော်ပျော်ဖို့အတွက်လာတာမှမဟုတ်တာ။နောက်ထပ်အံ့အားသင့်စေတာက ဒီဓာတ်ပုံလေးပေါ့နော် ကျွန်တော်တောင်မမျတ်မိတော့ဘူး ဒီပုံလေးကကျွန်တော်ရဲ့ ပထမဆုံးအနုပညာခြေလှမ်းလို့ပြောလို့ရတယ်။အောင်ရဲလင်းလည်းမဖြစ်သေးဘူး မိုးအောင်ရင်လည်းမဖြစ်သေးတဲ့ အချိန်တုန်းကရိုက်ခဲ့တဲ့ပုံဗျ ဒီပုံကိုသူဘယ်ကဘယ်လိုရှာတွေ့သလဲတောင်မသိဘူး။” လို့အံ့အားသင့်ရတဲ့အကြောင်းတွေပြောပြခဲ့ပါတယ်။ ပရိသတ်ကြီးရေ မိုးအောင်ရင်ရဲ့ ပရိသတ်အပေါ်အလေးထားတဲ့ စိတ်ဓာတ်ကလေးစားစရာကောင်းသလို ဇင်အိခိုင်ရဲ့ အားပေးမှုကလည်း လေးစားစရာကောင်းလှပါတယ်။