သမိုင်းဘူတာကိုအဆင့်မြှင့်တင်ပြီး ရထားနှင့်ကား ပေါင်းစပ်ပြေးဆွဲသည့်စနစ်စတင်မည်

သမိုင်းဘူတာကို အဆင့်မြှင့်တင်ပြီး ရထားနှင့်ကားပေါင်းစပ်ပြေးဆွဲသည့် စနစ်ကို စတင်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေးကြီးကြပ် ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA)တွဲ ဖက်အတွင်းရေးမှူး ဦးလှအောင်ကပြောကြားသည်။

Image result for သမိုင်းဘူတာကို အဆင့်မြှင့်တင်"

“JICA နဲ့ပူးပေါင်းပြီးတော့ မကြာခင်မှာ သမိုင်းဘူတာကို အဆင့်မြှင့်တင်မယ်။ အဲဒီမှာ ယာဉ်လိုင်းတွေလဲလာမယ်။ ရထား ပေါ်ကဆင်းမယ်။ ကားပေါ်တက်မယ်။ ကားပေါ်ကဆင်းမယ်။ ရထားစီးမယ်ဆိုတဲ့ ပေါင်းစပ်ပြေးဆွဲမှုဖွံ့ဖြိုးရေးကို JICA နဲ့ ပေါင်းပြီး ဆောင်ရွက်နေတယ်”ဟု ဦးလှအောင်က ပြောကြားသည်။

Image result for သမိုင်းဘူတာ"

ယခုကဲ့သို့ဆောင်ရွက်ခြင်းသည် ခရီး သည်များ သယ်ယူပို့ဆောင်ရေးကဏ္ဍ အဆင်ပြေစေရန် ရထားစီးနင်းသူများမှ ဘတ်စ် ကားစီးနင်းမှု အဆင်ပြေစေရန် ရထားနှင့် ဘတ်စ်ယာဉ်လိုင်းပေါင်းစပ်ပြေးဆွဲရန် စီစဉ် ခြင်းဖြစ်ကြောင်း ဦးလှအောင်က ပြောကြား သည်။

Image result for သမိုင်းဘူတာ"

YRTA နှင့် JICA ပူးပေါင်းပြီး ယာဉ်ကြောကျပ်တည်းမှု ဖြေရှင်းရေးနှင့် ဘတ်စ်ကားများ ရပ်တန့်မှုအဆင်ပြေစေရန် အတွက် လက်ရှိတွင် ဆူးလေမြို့တော်ခန်းမ ရှေ့၊ စံပြဈေးနှင့်ဂမုန်းပွင့်ကုန်တိုက်ရှေ့ရှိ ဘတ်စ်ကားမှတ်တိုင်နေရာများတွင် ဘတ်စ်ကားများကို တက်ရမည့်နေရာနှင့်ဆင်းသည့်နေရာ သပ်သပ်စီခွဲခြားပေးပြီး လူအဆင်းနေရာတွင် လူချပေးပြီးပါက ခရီးသည်တင်ရမည့် သတ်မှတ်နေရာတွင်သာ ခရီးသည်တင်ဆောင်ရမည့်စနစ်ကို ဆောင်ရွက်ထားကြောင်း သိရသည်။

Image result for သမိုင်းဘူတာ"

ရန်ကုန်ဘတ်စ်ကားစနစ်ဖွံ့ဖြိုးတိုးတက်ရေးစီမံချက်အဖြစ် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ YRTA နှင့် JICA တို့ ပူးပေါင်းကာ ဘတ်စ်ကားပြေးဆွဲမှုစီမံချက် ဖွံ့ဖြိုးတိုးတက်ရေး၊ ကုမ္ပဏီများ၊ ယာဉ်မောင်း နှင်သူများ၊ စီမံခန့်ခွဲမှုတိုးတက်ရေးတို့ကို ဆောင်ရွက်နေပြီး ရထားလမ်းဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာ့မီးရထားနှင့် JICA တို့ပူး ပေါင်းဆောင်ရွက်နေကြောင်း သိရသည်။

Credit-EMG