ဒီကနေ့ကျင်းပတဲ့ ကိုဖိုးသားနဲ့ချစ်စနိုးဦး တို့နှစ်ဦးရဲ့ စုလျားရစ်ပါတ်မင်္ဂလာပွဲမှ သတိုးသမီးအရံလေးတွေ

အဆိုတော် မင်းသမီးချောလေး ချစ်စနိုးဦးကတော့ သူမရဲ့ ချစ်သူ အဆိုတော် တေးရေးဆရာ ကိုဖိုးသားနဲ့ လာမယ့် အောက်တိုဘာလ ၂၆ ရက်နေ့၊ Novotel Hotel မှာ မင်္ဂလာပွဲ ကျင်းပပြုလုပ်သွားတာပဲဖြစ်ယ်ပါတယ်။ကိုဖိုးသားနဲ့ ချစ်စနိုးဦးတို့နှစ်ဉီးကတော့ နားလည်မှုတွေ၊ အချစ်တွေနဲ့ လက်တွဲလာခဲ့တာ ချစ်သူသက်တမ်း ၆နှစ်ကျော်သွားပြီပဲ ဖြစ်ပါတယ်။

ကိုဖိုးသားနဲ့ ချစ်စနိုးဦးတို့နှစ်ဉီးရဲ့ မင်္ဂလာပွဲမှာတော့ မအေးသောင်းတို့ အဖွဲ့ကသတိုးသမီးအရံလုပ်ပေးခဲ့ကြတာဖြစ်ပါတယ်။မအေးသောင်းက” ချစ်ရတဲ့ မောင်လေးဖိုးသားနဲ့ညီမလေး ချစ်စနိုးဦးတို့ရဲ့စုလျားရစ်ပါတ်အခမ်းအနားလေးမှာ သတိုးသမီးအရံပေါ့ရှင်။အားကျတယ်လို့မပြောတော့ဘူးနော် လုပ်ချင်ရင်ထလုပ်လို့ရနေပြီဆိုတော့”ဆိုပြီးတင်ထားတာပဲဖြစ်ပါတယ်။

ပရိသတ်ကြီးအတွက် ချစ်စနိုးဦးတို့ မင်္ဂလာပွဲမှ သတိုးသမီးအရံလေးတွေရဲ့ပုံရိပ်လေးတွေကိုဖော်ပြပေးလိုက်ပါတယ်နော်။