၂၂ နှစ်အရွယ်အမျိုးသားက အသက် ၈၂ နှစ်အရွယ်အဘွားအိုအား အဓမ္မပြုကျင့်

အသက် ၂၂ နှစ်အရွယ်အမျိုးသားက ၈၂ နှစ်အရွယ်အဘွားအိုအား အဓမ္မပြုကျင့်မှု သနပ်ပင်မြို့နယ်တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

Image result for သနပ်ပင်မြို့

ဖြစ်စဉ်မှာ ပဲခူးတိုင်းဒေသကြီး၊ သနပ်ပင်မြို့နယ်၊ ထောင်မင်းအုပ်စု၊ ပြွန်ပေါက်ကျေးရွာ၊ သံဖြူကွေ့တွင် အောက်တိုဘာလ ၂၅ ရက်၊ ည ၈ နာရီခန့်က ဒေါ်…..(၈၂)နှစ်သည် ၎င်း၏ မြေးသားမက်တော်စပ်သူ၏ ဘဲတဲ၌ တစ်ဦးတည်းရှိနေစဉ် အနီးရှိအင်းတဲတွင် အလုပ်လုပ်သူ လှနိုင်၊ (၂၂)နှစ်၊ ထောင်မင်းအုပ်စု၊ ပြွန်ပေါက်ကျေးရွာနေသူမှ ”ခြင်ဆေးခွေရှိလား” ဟု မေးကာ တဲပေါ်သို့ ရောက်ရှိလာခဲ့ကြောင်း သိရသည်။

Image may contain: 1 person, standing

ထို့နောက် ဒေါ်….. အား တွန်းလှဲကာပါးစပ်ကိုပိတ်၍ သားမယားအဖြစ် ပြုကျင့်ခဲ့ကြောင်း ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ လှနိုင်၊ (၂၂)နှစ်ကို သနပ်ပင်မြို့မရဲစခန်း၌ (ပ)၁၉၅/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ-၃၇၆ ဖြင့် ဖမ်းဆီးအမှုဖွင့်ကာ စစ်ဆေးနေကြောင်း သိရသည်။

Credit-အကုန်သိ