အစိုးရ၏ ယာဉ်ပိုင်ရှင်အမည်ပေါက်ပြုလုပ်ရေး ထုတ်ပြန်ချက် ကြိုတင်ပေါက်ကြားမှု နစ်နာမှုများဖြစ်ပေါ်ခဲ့ဟု ကားရောင်းဝယ်ရေးအသင်းရှင်းလင်း
ယာဉ်ပိုင်ရှင်အမည်ပေါက်လုပ်ရန် အစိုးရ၏ တရားဝင်သတင်းထုတ်ပြန်ချက်မထွက်မီ ဆိုရှယ်မီဒီယာတွင် ကြိုတင်သတင်းထွက်ပေါ်မှုများကြောင့် သက်ဆိုင်ရာနယ်ပယ်များတွင် နစ်နာမှုများဖြစ်ပေါ်ခဲ့ကြောင်း မော်တော်ကားရောင်းဝယ်ရေးအသင်း (ရန်ကုန်) က အောက်တိုဘာလ ၂၇ ရက် ညနေပိုင်းက ရန်ကုန်မြို့ Orchid ဟိုတယ်တွင် ပြုလုပ်ခဲ့သော မော်တော်ကားများနှင့်ပတ်သက်သည့် သတင်းထုတ်ပြန်မှုပေါက်ကြားခြင်းနှင့် အခွန်ဆောင်မှုဆိုင်ရာ ဆွေးနွေးမှုသတင်းစာ ရှင်းလင်းပွဲတွင် ရှင်းလင်းပြောကြားခဲ့သည်။
“သတင်းပေါက်ကြားမှုဆိုတာက ဈေးကွက်ထဲမှာ အန္တရာယ်ရှိတယ်။ စလစ်အပ်ကိစ္စ သတင်းပေါက်ကြားတုန်းက အရင်တုန်းကပစ်ထားတဲ့ လေးဘီး၊ သုံးဘီးတွေကို လေးဘီးကား စလစ်အပ်မူဝါဒထုတ်ပြန်တယ်။ စလစ်ဈေးက ပေါက်ကြားပြီးကြိုဝယ်တော့ တစ်စီးသိန်းတစ်ရာလောက်မြတ်တယ်။ ဒါကိုမသိဘဲရောင်းလိုက်တဲ့ ပြည်သူပဲတစ်စီးကို သိန်းတစ်ရာကျော် နစ်နာသွားတယ်”ဟု မော်တော်ကားရောင်းဝယ်ရေးအသင်း (ရန်ကုန်) မှ ဒုတိယဥက္ကဋ္ဌ ဦးခိုင်စိုးက ပြောကြားသည်။
ယင်းကြိုတင်ပေါက်ကြားမှုများကြောင့် မော်တော်ကားရောင်းဝယ်ရေးဈေးကွက်၌ ဈေးကွက်ငြိမ်သက်မှုများဖြစ်ပေါ်ခဲ့ပြီး အဆိုပါကိစ္စနှင့်ပတ်သက်ပြီး အသင်းသို့ မေးမြန်းဆက်သွယ်မှုများ ပြုလုပ်ခဲ့ကြောင်း မော်တော်ကားရောင်းဝယ်ရေး အသင်းထံမှ သိရှိရသည်။
Credit-MON