YBS ယာဉ်လိုင်းများကို Scania ကားများဖြင့် ပြေးဆွဲနိုင်ရန် စီစဉ်နေပြီး ဆွစ်ဘဏ်နှင့် ဆွေးနွေးနေကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ်ပြောကြား

YBS ယာဉ်လိုင်းများကို Scania ကားများဖြင့် ပြေးဆွဲနိုင်ရန် စီစဉ်နေပြီး ဆွစ်ဘဏ်နှင့် ဆွေးနွေးနေကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက လှည်းကူးမြို့နယ်တွင် အောက်တိုဘာ၂၇ ရက်က ပြုလုပ်သည့် City Transit ကုမ္ပဏီ၏ ရန်ကုန်မြို့ပတ်ယာဉ်လိုင်းဖွင့်ပွဲ အခမ်းအနားတွင် ပြောကြားသည်။

Image result for ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း"

“ Scania ကားတွေနဲ့ ရန်ကုန်ဘတ်စ်ကား YBS ကို ဆောင်ရွက်ချင်တာ Scania အဆင့်ရှိတဲ့ ကားတွေကို သုံးချင်ပါတယ်။ ဒါပေမယ့် ဒီကားတွေရဲ့ တန်ဖိုးဟာ အရမ်းကြီးပါတယ်။ ဒါပေမယ့် ဒီအဆင့်ကို တက်လှမ်းနိုင်ဖို့အတွက် တဖြေးဖြေး ဆောင်ရွက်ဖို့ အစီအစဉ်ရှိပါတယ်။ ဒါနဲ့ပတ်သက်ပြီး ဆွစ်ဘဏ်နဲ့လည်း ဒီကိစ္စရပ်တွေကို ဆွေးနွေးထားတာ ရှိပါတယ်။ တစ်ဖက်ကလည်း ဆွီဒင်ကို သွားရောက်ပြီး လေ့လာခဲ့ပါတယ်။ Scania ကုမ္ပဏီကိုလည်း သွားပြီးတော့ လေ့လာခဲ့ပါတယ်” ဟု ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

ထို့ပြင် YBS ယာဉ်လိုင်းများတွင် ကားများ၏ ပိုမိုကောင်းမွန်သော အရည်အသွေးများ၊ ကားမှတ်တိုင်များ၊ ကားများ၏ လုံခြုံရေးပိုင်းဆိုင်ရာ ထိန်းချုပ်ထားနိုင်မှုများကို ဆောင်ရွက်ချင်ကြောင်း၊ လက်ရှိတွင် YRTA အနေဖြင့် ရန်ကုန်မြို့ပြသယ်ယူပို့ဆောင်ရေး တစ်ခုလုံးကို အာဏာပိုင်အဖွဲ့အစည်း တစ်ခုအဖြစ် ကွပ်ကဲထားပြီး သယ်ယူပို့ဆောင်ရေးစနစ် ပိုမိုချောမွေ့အောင်မြင်နိုင်ရန်အတွက် အဘက်ဘက် ဖြည့်ဆည်းဆောင်ရွက်လျက် ရှိကြောင်း ဝန်ကြီးချုပ်က ပြောကြားသည်။

Image result for လက်ရှိ ပြေးဆွဲလျက်ရှိသည့် Scania ကားများ"

City Transit ကုမ္ပဏီမှ မြို့ပတ်ယာဉ်လိုင်းအဖြစ် Scania ကားများဖြင့် စက်တင်ဘာ ၂၃ ရက်မှ စတင်ကာ ယာဉ်အစီး ၂၀ ဖြင့် ပြေးဆွဲလျက်ရှိကြောင်း သိရသည်။အဆိုပါ Scania ကားများဖြင့် ပြေးဆွဲမည့် မြို့ပတ်ယာဉ်လိုင်းအနေဖြင့် အောင်မင်္ဂလာ အဝေးပြေးမှ ဂိတ်စ ဂိတ်ဆုံး ထားကာ လမ်းကြောင်းနှစ်ကြောင်း ပြေးဆွဲလျက်ရှိပြီး ယာဉ်စီးခအနေဖြင့် အောင်မင်္ဂလာအဝေးပြေးဝင်းမှ သခင်မြပန်းခြံအထိ ၅၀၀ ကျပ်ဖြစ်ပြီး ခရီးစဉ် အစအဆုံး ၁၀၀၀ ကျပ် သတ်မှတ်ထားကြောင်း သိရသည်။

Image result for လက်ရှိ ပြေးဆွဲလျက်ရှိသည့် Scania ကားများ"

လက်ရှိ ပြေးဆွဲလျက်ရှိသည့် Scania ကားများတွင် တံခါးသုံးပေါက် ပါဝင်ပြီး ရှေ့တက် နောက်ဆင်း စနစ်ကို ညှိနှိုင်းထားကြောင်း၊ Wheel Chair ဖြင့် စီးနင်မည့်သူများအတွက် အတက်အဆင်း လုပ်နိုင်သည့် စနစ်နှင့် ထိုင်ခုံနေရာများ ပါဝင်ကြောင်းနှင့် ခရီးသည်များအတွက် မှတ်တိုင်များအပြင် သတင်းအချက်အလက် ပေးနိုင်သည့် စနစ်လည်း ထည့်သွင်းထားကြောင်း သိရသည်။မထသ စနစ်မှ YBS စနစ် ပြောင်းလဲပြီးနောက် လက်ရှိတွင် ရန်ကုန်မြို့အတွင်း ပြေးဆွဲနေသည့် ယာဉ်လိုင်းပေါင်း ၁၀၀ ရှိပြီး YRTA တွင် မှတ်ပုံတင်ထားသည့် ယာဉ်အစီးရေပေါင်း ၆၆၃၅ စီးရှိကာ နေ့စဉ် ယာဉ်အစီးရေ ၄၅၀၀ ကျော်ဖြင့် ပြည်သူ ၁ ဒသမ ၈ သန်းခန့်ကို ပို့ဆောင်လျက်ရှိကြောင်း သိရသည်။

Credit-EMG