မြန်မာအိုင်ဒေါ Season-4 မှာ သူမ ရပ်တည်အားပေးသွားမယ့်ပြိုင်ပွဲဝင်ကို ပြောပြလိုက်တဲ့ နီလန်း

နီလန်း။ သူမက မြန်မာအိုင်ဒေါ Season-3 က Top Finalist တစ်ယောက်ဖြစ်ခဲ့သူပါ။ Top 3 အထိရောက်လာနိုင်ခဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။

Image may contain: 1 person, sitting and outdoor

မြန်မာအိုင်ဒေါပြိုင်ပွဲဟာ ယခုနောက်ပိုင်း ထွက်ပေါ်လာတဲ့ အဆိုပြိုင်ပွဲတွေထဲမှာ ပရိသတ်အကြည့်အများဆုံး ပြိုင်ပွဲတစ်ခုဖြစ်ခဲ့ပါတယ်။ Voting စနစ်နဲ့ ပြိုင်ပွဲကို ဖန်တီးထားတာဖြစ်ပြီး Vote များများရရှိသူက ဝင်းနားဖြစ်လာမယ့်သူပဲဖြစ်ပါတယ်။ ဝေဖန်မှု၊ အားပေးမှုတွေ ညံနေတဲ့ မြန်မာအိုင်ဒေါကနေပြီး အောင်မြင်သွားကြတဲ့ အဆိုရှင်တွေလည်း ပရိသတ်တွေ မျက်မြင်ကိုယ်တွေ့ဖြစ်မှာပါ။

Image may contain: 12 people, people smiling, people standing

ယခုဆိုရင်လည်း Season-4 အတွက် Top Finalist ၁၁ ယောက်ထွက်ပေါ်လာခဲ့ပြီဖြစ်ပါတယ်။ ပရိသတ်တွေနဲ့ သိပ်မစိမ်းလှတဲ့ သူ (၂) ဦးလည်း Finalist ထဲကိုပါလာတာ တွေ့ရပါတယ်။ သူတို့ကတော့ အေးမြဖြူနဲ့ သရုပ်ဆောင် ခြူးစစ်ဟန်တို့ပဲဖြစ်ပါတယ်။

Image may contain: 11 people, people smiling, people sitting

သူမတို့ နှစ်ဦးအပါအဝင် စနေလင်းကျော်၊ အက်စတာဒေါ့သ်ချင်းဆုန်၊ ဘန်ဂျမင်း၊ စောခရစ်မူးလာ၊ ထက်အဉ္ဇလီ၊ နှင်းအိအိဝင်း၊ ယာကီးနဲ့ နော်စေးစေးထူးတို့ကလည်း မြန်မာအိုင်ဒေါရဲ့ Finalist တွေဖြစ်ခဲ့ပါတယ်။ အမာခံဖန်တွေကို ပိုင်ဆိုင်ထားကြပြီဖြစ်တဲ့ သူတို့ (၁၁) ယောက်ရဲ့ အားပြိုင်မှုတွေကို ပရိသတ်တွေ ရှုမြင်ခံစားသွားကြရတော့မှာပါ။

Image may contain: 1 person, smiling, closeup

Season-3 ကပြိုင်ပွဲဝင် မောင်နှမတွေနဲ့လည်း ဒီ Top Finalists ၁၁ ယောက်က တွေ့ဆုံခွင့်ရရှိခဲ့ပါတယ်။ ပြိုင်ပွဲဝင်ဟောင်း နီလန်းကတော့ သူမရပ်တည်အားပေးသွားမယ့် ပြိုင်ပွဲဝင်တွေကို ပြောပြလိုက်ပါတယ်။ အဲ့ဒါကတော့ သူမလိုပဲ ချင်းလူမျိုးတွေဖြစ်ကြတဲ့ အက်စတာဒေါ့ချင်းဆုန်၊ ဘန်ဂျမင်နဲ့ ယောကီးတို့ပဲဖြစ်ကြပါတယ်။

Image may contain: 1 person, smiling, standing

Image may contain: 1 person, smiling

Image may contain: 1 person, smiling, standing

သူမကတော့ ဒီချင်း (၃) ချင်းကို အားပေးဖို့အတွက် အသင့်ဖြစ်နေပြီဖြစ်တဲ့အကြောင်း ဖွင့်ဟလိုက်ပါတယ်။ နီလန်းနဲ့အကြိုက်ချင်းတူ အားပေးသွားမယ့် သူတွေရှိရင်လည်း လက်တို့ပြီး ပြောပြပေးကြပါဦးနော်။

ဆယ်လီစတား