ရင်သားနဲ့ဦးခေါင်းအကျိတ် ကင်ဆာအပြင် ရောဂါထပ်မတိုးလာဖို့ ဆုတောင်းနေတဲ့ မီးမီးခဲ

ရင်သားကင်ဆာ အဆင့်(၄) ကို စတင်ခံစားခဲ့ရပြီး ဆေးနဲ့ ကုသထိန်းသိမ်းနေစဉ်မှာပဲ မကြာသေးမီ မှာပဲ ဦးခေါင်းခွံပေါ်က နောက်ထပ်ကင်ဆာတစ်ခု ကို ထပ်မံခံစားခဲ့ရပြန်တဲ့ မီးမီးခဲကတော့ လက်ရှိမှာ့ ညာဘက် ခြေထောက်ဟာ အင်မတန်မှ နာကျင်မှုကို ခံစားနေရပါတယ်။အခုလိုနာကျင်ခံစားနေရတာကို ရောဂါတစ်ခုအဖြစ်မဟုတ်ဘဲ သာမန်နာကျင်မှုဖြစ်စေဖို့ကို “ဆုတောင်းချက်လေးတင်ပါရစေ..ကျွန်မရဲ့ညာဘက် ခြေထောက်ဟာ အင်မတန်မှ နာကျင်မှုကို ခံစားလာရပါတယ်။

Image may contain: 1 person, ocean, outdoor and water

ဒီတစ်ရက်နှစ်ရက်အတွင်း..လာမဲ့November (4) ရက်နေ့(၃) လတစ်ခါဆေးစစ် အားလုံ့းပြန်လည်ပြုလုပိရတော့မယ်ဖြစ်ပြီး(၇) ရက်နေ့မှာ အဖြေ သိရမှာပါ..သာမာန် နာကျင်ခြင်းမျိုးပဲ ဖြစ်ဖို့ဆုတောင်းကူညီကြပါနော် ” လို့ သူရဲ့ လူမှုကွန်ရက် စာမျက်နာမှ တောင်းဆုခြွေထားပါတယ်။သူရဲ့ ချစ်ပရိသတ်တွေကလည်း တအားမစိုးရိမ်ဖို့ သာမန်နာကျင်မှုလို့ အားပေးစကားတွေပြောထားကြပြီး နေမြန်မြန်ကောင်းဖို့နဲ့ အားတင်ဖို့လည်း ဆုတောင်းစကားတွေဆိုထားကြပါတယ်။

မီးမီးခဲကတော့ (၃) လ (၁) ခါ ဆေးစစ် ၊ ကုသမှုကို ခံယူနေရတာဖြစ်ပြီး လာမည့် နိုဝင်ဘာလ (၄)ရက်နေ့မှာတော့ ဒီကုသမှုကိုခံယူရမယ်လို့ သိရပါတယ်။ပရိသတ်ကြီးရေ အဆိုတော် မီးမီးခဲကို ဒီတစ်ခါဆေးစစ်ရာမှာလည်း သတင်းကောင်းပဲဖြစ်ပါစေလို့ ဆုတောင်းပေးခဲ့ကြပါဦးနော်။

Image may contain: 1 person, smiling, flower and plant