ဗိုလ်ချုပ်အောင်းဆန်းတံတားပေါ်မှ အမျိုးသမီးတစ်ဦး သံလွင်မြစ်ထဲ ခုန်ချမှုဖြစ်ပွား

30-10-2019 ရက် ယနေ့ နံနက်ပိုင်းတွင် မော်လမြိုင်မြို့ ဗိုလ်ချုပ်အောင်ဆန်းတံတား (ဘီလူးကျွန်း) RP -2 ရေလည်တိုင်မှ အမျိုးသမီး သက်လတ်ပိုင်းတစ်ဦး ဆိုင်ကယ် အမဲရောင်တစ်စီးဖြင့် ရောက်ရှိလာပြီး ဆိုင်ကယ်ရပ်ကာ တံတားပေါ်မှ သံလွင်မြစ်ထဲသို့ ခုန်ချခဲ့မှု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

Image may contain: sky, ocean, bridge, outdoor, water and nature

အမျိုးသမီး၏ မြစ်ထဲခုန်ချမှုအား တံတားပေါ်၌ ကျန်းမာရေးအတွက် လမ်းလျှောက်နေကျသည့် ပြည်သူများမှ မြင်တွေ့ပြီး အေးမြကြည်လင် အရေးပေါ်ကယ်ဆယ်ရေးရုံးသို့ ဖုန်းဆက်အကြောင်းကြားပေးခဲ့သဖြင့် အချိန်နှင့်တပြေးညီသွားရောက်ခဲ့ပြီး သံလွင်မြစ်အတွင်း ငါးဖမ်းနေကြသည့် လှေသားများမှ ၎င်းအမျိုးသမီးအား မြစ်ကမ်းစပ်သို့ ဆယ်ယူကယ်တင်လာပေးခဲ့သဖြင့် အသင့်စောင့်နေသည့် အေးမြကြည်လင်အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့မှ ၎င်းအမျိုးသမီးအား မော်လမြိုင်ပြည်သူ့ ဆေးရုံကြီးသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း ကနဦးသတင်းအရ သိရှိရသည်။

Credit-MON