ရွှေပေါ်ကျွန်း နဂါးရုံဘုရားအတွင်း နိုင်ငံတော်အတိုင်ပင်ခံ၏ ပုံတူရုပ်တု ထားရှိ

မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်၊ ရေငံအုပ်စု၊ ရွှေပေါ်ကျွန်းရွာအနီး နဂါးရုံကပ်ကျော် စေတီတော်ထဲမှာ အမြင့် ၁ ပေခွဲခန့်ရှိတဲ့ နိုင်ငံတော်အတိုင်ပင်ခံရဲ့ ပုံတူရုပ်တုငယ်တခု အင်္ဂတေနဲ့ ပြုလုပ်ထားတာ တွေ့ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

2019 10 31 183903

ရေငံအုပ်စုအုပ်ချုပ်ရေးမှူး ဦးစိုးအောင်က “ဘိလပ်မြေအင်္ဂတေနဲ့ လုပ်ထားတာပါ။ နိုင်ငံတော်အတိုင်ပင်ခံ ရုပ်တုပါ။ အမြင့် ၁ ပေခွဲ၊ အနံ ၁ ပေခွဲ လောက်ပဲရှိမယ်။ ရွှေပေါ်ကျွန်းရွာထဲ ကပန်းရံဆရာနဲ့ လုပ်တာပါ။ နိုင်ငံတော်အတိုင်ပင်ခံရုပ်တုကို ရွှေပ်ါကျွန်းဆရာတော်ဘုရားရုပ်တု နောက်မှာ တွေ့ရတယ်။ အမျိုးသမီးကြီးတဦး လုပ်သွားတယ် သိရတယ်။ သူယုံကြည်အားကိုးရာကို သူလုပ်သွားတယ် ယူဆတယ်။ ယတြာတွေ ဓာတ်တွေတော့ မဟုတ်လောက်ပါဘူး”လို့ ပြောပါတယ်။

Image may contain: 1 person

နိုင်ငံတော်အတိုင်ပင်ခံရုပ်တုဟာ အနီရောင်ရင်ဖုံးအင်္ကျီ၊ အနီရောင်လုံချည် ဝတ်ဆင်ထားပြီး အဝါရောင်ပဝါသိုင်းလျက် ပြုလုပ်ထားပါတယ်။ ထိုင်ခုံမှာတော့ နိုင်ငံတော်အလံအောက်ခံမှာ အဖြူရောင်ငြိမ်းချမ်းရေး ချိုးငှက်ရုပ် ပါရှိပါတယ်။

Image may contain: people standing

လွန်ခဲ့တဲ့ ၂ လလောက်က ပခုက္ကူမြို့နယ်ကနေ ရွှေပေါ်ကျွန်းသာသနာပြုစခန်းကို လာရောက်ပြီး ထီချိုင့်အဆောင်မှာနေသွားတဲ့ ဒေါ်ပေါမယ်က ဒေသခံပန်းရံဆရာကို ကျပ် ၁၈၀၀၀၀ အခကြေးငွေပေးကာ ရုပ်တုထုခိုင်းခဲ့တာ ဖြစ်ပြီး ၇ ရက်လောက် ကြာအောင်ပြုလုပ်ပေးရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

2019 10 31 184009

Credit-မန္တလေးသတင်းအကုန်သိရန်