အပြင်အဆင်နဲ့ အပြုအမူတွေက Sinon Lorescaနဲ့ တစ်ထပ်တည်းတူပြီး အရမ်းချစ်စရာကောင်းနေတဲ့ ခင်လှိုင်

ပရိသတ်ကြီးရေ အကယ်ဒမီသရုပ်ဆောင်ခင်လှိုင်ဟာဆိုရင် အနုပညာနယ်ပယ်မှာ အောင်မြင်မှုတွေရရှိနေပြီး ကျရာဇာတ်ရုပ်ကို ပီပြင်ပိုင်နိုင်အောင်သရုပ်ဆောင်နိုင်တဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်ပါတယ်။ခင်လှိုင်က လက်ရှိမှာလည်း အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေဆဲဖြစ်ပြီး ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုတွေကိုလည်း ရရှိထားတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်နော်။

အခုဆိုရင် ခင်လှိုင်၊မြင့်မြတ်၊ကိုပေါက်တို့ အဖွဲ့က “လူထဲကလူ”ရုပ်ရှင်ဇာတ်ကားကြီးရိုက်ကူးဖို့အတွက် ပုဂံကိုရောက်ရှိနေကြတာဖြစ်ပြီး Cat Walk King Sinon Loresca လည်း ခင်လှိုင်တို့နဲ့အတူတူ လိုက်ပါသွားတာဖြစ်ပါတယ်။ခင်လှိုင်တို့ အနုပညာရှင်အဖွဲ့ကတော့ အနုပညာနဲ့ပက်သက်ရင် သေသေချာချာ အားသွန်ခွန်စိုက်ကြိုးစားပြီး ပရိသတ်တွေအတွက် အကောင်းဆုံးတင်ဆက်ပြသနေကြတာပါနော်။

အခုဆိုရင်တော့ ခင်လှိုင်နဲ့ Cat Walk King Sinon Loresca တို့နှစ်ယောက်က ပုံစံတူဒီဇိုင်းတွေဝတ်ဆင်ထားကြပြီး အလန်းစားပိုစ့်ပေးနေတာဖြစ်ပါတယ်။ခင်လှိုင်ရဲ့ အပြင်အဆင်နဲ့ အပြုအမူတွေကလည်း Sinon Loresca နဲ့တစ်ထပ်တည်းတူပြီး အရမ်းချစ်စရာကောင်းနေတဲ့ ပုံရိပ်လေးကို ချစ်ပရိသတ်ကြီးလည်းတွေ့မြင်ရအောင်လို့ ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။