အောင်ဘာလေ ကျပ်သိန်း (၁၀၀၀၀) ဆုကို ကချင်ပြည်နယ်မှ ရဲအုပ်တစ်ဦး ကံထူး

ယခုလအတွက် သိန်း ၅၀၀၀ ဆုကို ပဲခူးတိုင်းမှ ဆွတ်ခူးခဲ့သလို၊ သိန်း တစ်သောင်းဆုကို တော့ ကချင်ပြည်နယ်မှ ဆွတ်ခူးသွားပြီဖြစ်ပါတယ်။ လှံထမ်းလာတာသာ မြင်ရမယ်၊ ကံထမ်းလာတာ မမြင်ရဘူးဆိုတဲ့ စကားပုံလေးလိုပါပဲ။

ဒီလို ခက်ခဲတဲ့ အောင်ဘာလေထီဆိုတာ ပေါက်ဖို့ ရာခိုင်နှုန်း နည်းလွန်းလှတယ်ဆိုတာထက်ကို ရှိတောင် မရှိနိုင်လောက်တဲ့ အခြေအနေပါ။ ဒါပေမယ့် လူတစ်ယောက်ရဲ့ ကံကြမ္မာကိုတော့ ဘယ်သူမှ အတက်မပြောနိုင်ပါဘူး …….။ ယခုလ ၉ ကြိမ်မြောက်အောင်ဘာလေ ကျပ်သိန်းတစ်သောင်းဆု ထီနံပါတ်ကတော့ ဓ ၄၅၅၆၁၄ ပဲဖြစ်ပါတယ်။

အဆိုပါ ကံထူးရှင်ဟာ ကချင်ပြည်နယ်မှ ဟိုပင်းသား ရဲအုပ် စည်သူလင်းမှ ဆွတ်ခူးခဲ့တယ်လို့ ဆိုပါတယ်။ ရဲအုပ်လေးနဲ့ ထပ်တူ ဝမ်းသာပီတီဖြစ်မိပါတယ်။ ပရိတ်သတ်ကြီးရော ကံထူးရှင်တွေ ဘယ်နှစ်ယောက်ပါဝင်နေပြီလဲ။ အခုဆိုရင် ၉ ကြိမ်မြောက်အောင်ဘာလေ ကံထူးရှင်တွေ တစ်ဦးပြီး တစ်ဦး ထွက်ပေါ်လာပါပြီ။ နောက်ထပ် ပေါ်ထွက်လာမယ့် ကံထူးရှင်တွေကိုလည်းစောင့်မျှော်အားပေးကြပါဦးနော် ….။

Credit-Shwe Yaung Lan