ရုပ်ရှင်အစည်းအရုံး ဥက္ကဌရာထူးကနေ နှုတ်ထွက်စာတင်လိုက်တဲ့ ဇင်ဝိုင်း

ဦးဇင်ဝိုင်းကတော့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဌရာထူးကနေ နှုတ်ထွက်စာတင်ခဲ့ပြီလို့ သိရပါတယ်။ ဒီလို နှုတ်ထွက်စာတင်ရတဲ့ အကြောင်းအရင်းနဲ့ပတ်သက်ပြီး အတွင်းရေးမှူးဖြစ်သူ ဒါရိုက်တာ ညီညီထွန်းလွင်က အခုလိုပြောပြခဲ့ပါတယ်။

မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဌတာဝန်ထမ်းဆောင်နေတဲ့ အကယ်ဒမီဇင်ဝိုင်းကတော့ ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၁ ရက်နေ့မှာ ဥက္ကဌရာထူးက နှုတ်ထွက်ဖို့ နှုတ်ထွက်စာတင်ခဲ့တယ်လို့ သိရပါတယ်။ ဦးဇင်ဝိုင်းဟာ ဥက္ကဌ ရာထူးက နှုတ်ထွက်ရခြင်းအကြောင်းအရင်းနဲ့ပတ်သက်ပြီး ရုပ်ရှင်အစည်းအရုံးရဲ့ အတွင်းရေးမှူးဖြစ်သူ ဒါရိုက်တာ ညီညီထွန်းလွင်ကနေတဆင့် ဖုန်းနဲ့ ဆက်သွယ်မေးမြန်းရာမှာ အခုလို ဖြေဆိုခဲ့ပါတယ်။

Image result for ဇင်ဝိုင်း

‘’အဓိက က ခါးရောဂါရှိတယ်။ ကျန်းမာရေးကြောင့်ပေါ့။ သူက အစည်းအရုံးကိစ္စနဲ့ ပတ်သက်လာရင်လည်း သူပဲဦးဆောင်ပြီးလုပ်တာများပါတယ်။ ဦးဇင်ဝိုင်း ဥက္ကဌ တာဝန်ထမ်းဆောင်တာ ၂ နှစ်ကျော်ပါပြီ။ သူ တာဝန်ထမ်းဆောင်နေတဲ့ အတွင်းမှာ အခုလုပ်နေတဲ့ ပြသညှိနှိုင်းအစည်းအဝေးဆိုရင်လည်း သူတစ်ယောက်ပဲ ခေါင်းခံ၊ ဦးနှောက်ခြောက်ခံပြီးတော့ အပတ်တိုင်းဆွေးနွေးနေတာပါ။ ရုံရှင်၊ ဇာတ်ကားရှင်၊ထုတ်လုပ်သူတွေ ကြားမှာ အလုပ်လုပ်ရတာ တော်တော် စိတ်ညစ်စရာတွေတော့ရှိတယ်။ တခြားသူတွေကလည်း စိတ်လိုလက်ရ လိုက်မလုပ်နိုင်ပေမယ့် ဘေးကနေတော့ အကြံပေးကြပါတယ်။ ကိစ္စရပ်တော်တော်များများမှာလည်း ကိုယ်ဖိရင်ဖိလုပ်တယ်။ မအိပ်မစား အလုပ်တွေလည်းလုပ်တယ်။ ညဘက်တွေရောက်တော့လည်း အိပ်မပျော်၊ စိတ်ဖိစီးမှုတွေရှိပါတယ်’’ လို့ ဆိုပါတယ်။

Image result for ဇင်ဝိုင်း

ဥက္ကဌရာထူးက နှုတ်ထွက်စာနဲ့ ပတ်သက်ပြီး ရုပ်ရှင်အစည်းအရုံးမှ တာဝန်ရှိသူတွေကလည်း အစည်းအဝေးလုပ်ပြီး ဆုံးဖြတ်ချက်ချရဦးမယ်လို့ ဦးညီညီထွန်းလွင်က ပြောပါတယ်။ ဦးဇင်ဝိုင်းအနေနဲ့ကတော့ လစ်လပ်သွားမယ့် ရုပ်ရှင်အစည်းအရုံး ဥက္ကဌ ရာထူးအတွက် ဥက္ကဌအသစ်ကို အမြန်ဆုံးရွေးချယ်စေချင်တယ်လို့ ဆိုပါတယ်။

Related image

‘’ ဦးဇင်ဝိုင်းဖြစ်စေချင်တာကတော့ အခု အကယ်ဒမီပေးပွဲအပြီး ဥက္ကဌရွေးပွဲကို နောက်နှစ် မတ်လ၊ ဧပြီလ လောက်ကို ကြိုလုပ်စေချင်တာပါ။ စည်းမျဉ်း၊စည်းကမ်းနဲ့ မူဝါဒတွေမှာ နာယကတွေအနေနဲ့ကျတော့ လုပ်လို့က အဆင်မပြေဖြစ်နေတယ်။ မူဝါဒအရ စောစောလုပ်လို့လည်း မရဘူး။ ၃ နှစ်ပြည့်မှ ရွေးရမယ်လို့လည်း သိထားပါတယ်။ သူက အခုထွက်တော့မယ်ဆိုတော့ ဥက္ကဌ ထပ်ရွေးဖို့အတွက် ဘာမှမလုပ်ရသေးဘူး။ စည်းမျဉ်းအတိုင်းဆိုရင်တော့ ရှေ့နှစ် စက်တင်ဘာလမှ လုပ်လို့ရမှာ။ သူက ကျန်းမာရေးဖိစီးမှုတွေကြောင့် အကယ်ဒမီပေးပွဲအထိတောင် ဆက်ပြီးတော့ မထမ်းဆောင်နိုင်တာ ဖြစ်သွားတယ်’’ လို့ ဆက်လက်ပြောပြလာပါတယ်။

Related image

ဦးဇင်ဝိုင်းကတော့ ၂၀၂၀ ခုနှစ် အောက်တိုဘာလ အတွင်းမှာကျရောက်မယ့် ရုပ်ရှင် နှစ် ၁၀၀ ပြည့်ပွဲမှာလည်း ဥက္ကဌတစ်ယောက်အနေနဲ့ မဟုတ်ပဲ ရုပ်ရှင်လောကသားတစ်ယောက်အဖြစ် ပါဝင်ကူညီဆောင်ရွက်သွားမယ်လို့ သိရပါတယ်။ ရုပ်ရှင်အလုပ်တွေနဲ့ ပတ်သက်ပြီး တာဝန်ယူထားရတဲ့ အပိုင်းတွေကိုလည်း ဆက်လက်ဆောင်ရွက်သွားမှာပါလို့ ရုပ်ရှင်အစည်းအရုံး အတွင်းရေးမှူးဖြစ်တဲ့ ဒါရိုက်တာ ညီညီထွန်းလွင်က ပြောပြခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်က စလို့ ရုပ်ရှင်အစည်းအရုံးကြီးရဲ့ ဥက္ကဌတာဝန်ကို ဒုတိယအကြိမ်မြောက် တာဝန်ထမ်းဆောင်ခဲ့တာဖြစ်ပါတယ်။

Credit-ဆယ်လီရပ်ကွက်