တပ်မတော် ဇာတ်ကားများ ရိုက်ရတာ ဂုဏ်ယူပါတယ်ဆိုတဲ့ သရုပ်ဆောင် စိုးမြတ်သူဇာ

တပ်မတော်သား၏ သမီးဖြစ်၍ တပ်မတော်နှင့်ပတ်သက်သည့် ဇာတ်ကားများရိုက်ကူးရ သည်ကို ဂုဏ်ယူကြောင်း စိုးမြတ် သူဇာကပြောသည်။‘‘အဖေက စစ်သားဆိုတော့ သူများတွေဘာပြောပြောစစ်သား တွေကိုချစ်တယ်။ တပ်မတော်နေ့ နဲ့ ပတ်သက်လို့နှစ်တိုင်း၊ကားတွေ ရိုက်တိုင်းမကြီးရိုက်ချင်တယ်။ အချိန်မရွေးပြော။ အခန်းနည်းလည်း ပြဿနာမရှိဘူး။ နှစ်တိုင်းလည်း ရိုက်ပေးတာပဲလေ’’ သရုပ်ဆောင် စိုးမြတ်သူဇာမှ ပြောကြားခဲ့သည်။

Image may contain: 1 person, smiling

၂၀၂၀တွင်ကျရောက်မည့် (၇၅) နှစ်မြောက်တပ်မတော်နေ့ ဂုဏ်ပြုဇာတ်လမ်းကို ‘တစစ်တ မက်ကိုယ်နှင့်သက်ကို’တွင် ဇင် ဝိုင်း၊ရဲအောင်၊ ခန့်စည်သူ၊တိုင်ရွန်၊ အောင်ရေချမ်း၊ စိုးမြတ်သူဇာ၊ မေသဉ္ဇာဦး၊ မေမြင့်မိုရ်၊ ယဉ် လက်တို့နှင့်အတူ အခြားအနု ပညာရှင်များ ပါဝင်မည်ဖြစ်သည်။

Image may contain: 1 person, smiling

‘‘ဇာတ်ရုပ်မျိုးစုံ လုပ်ဖူး တယ်။ များသောအားဖြင့် တပ်မ တော်နေ့ကားတွေက စစ်သားတွေ စစ်တိုက်တာ ပါတာများ တယ်။ ဒီကားမှာတော့ အဘွား ကြီးနှစ်ယောက်၊ မကြီးနဲ့ မဇာကြီး (မေသဉ္ဇာဦး) တို့အခန်းတွေများတယ်’’ ဟု စိုးမြတ်သူဇာကပြော သည်။ မကြီးစိုးသည် ဝတ္ထု ရေးဖြစ်သော်လည်း ဝတ္ထုရေးခြင်းထက် ဂိမ်းကိုပို၍ ဆော့ဖြစ်သောကြောင့် ထွက်ရှိ မည့်အချိန်ကိုအတိအကျ မပြောနိုင်သေးဘူးလို့ သိရသည်။

Image may contain: 16 people

‘‘အခုရေးနေတဲ့ ဇာတ် လေးကကောင်းတယ်။ ဖရိန်ကချ ထားပြီးသား။ မျိုးဆက်သုံးခုကို ရေးထားတာ။ သုံးခုစလုံးက မင်း သမီးတွေ၊ မကြီးအကြောင်းတော့မ ဟုတ်ဘူး။ မင်းသမီးနဲ့မင်းသားက အသက်အရမ်းကွာတယ်။ မင်းသမီးက တော်တော်ကြီးပြီး မင်း သားကတော်တော်ငယ်တယ်။ မင်းသမီးက နာမည်ကြီးမင်းသမီး၊ မင်းသားက ကျောင်းဆရာ’’ ဟု ၎င်းရေးသားနေသည့် ဝတ္ထုအ ကြောင်း စိုးမြတ်သူဇာက ပြောကြားသည်။

Credit-MON