လက်ရှိနာမည်ကြီးနေတဲ့ တစ်ကျော့နှစ်ကျော့တေးကိုသီ သီချင်းနဲ့ ပတ်သက်ပြီး ဒေါ်မာမာအေး ပြောပြီ

မြန်မာသံ တေးသီချင်းများနဲ့ ပရိသတ်တွေ ကို ခုအချိန်ထိ ဆွဲဆောင်နိုင်တဲ့ မြန်မာသံ ဝါရင့် အဆိုတော်ကြီး ဒေါ် မာမာအေးဟာ ဆိုရင် သူမရဲ့ ပီပြင်ပြောင်မြောက်တဲ့ ဂီတ အနုပညာများနဲ့ သီချင်းများကြောင့် အောင်မြင်မှုများစွာ ရရှိထားသူပါ။ မြန်မာသံ နဲ့ ပတ်သက်ပြီး ဆရာတစ်ပါးလို့ ပြောရလောက်အောင် အသံ ပညာအားကြီးသူဆိုလည်း မမှားပါဘူး ။ သူမက လတ်တလော နာမည်ကြီးနေတဲ့ တစ်ကျော့ နှစ်ကျော့ တေးကိုသီ သီချင်း နဲ့ ပတ်သက်ပြီး ပြောထားတဲ့ အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။

The Voice Myanmar Final ပွဲမှာ ပြိုင်ပွဲဝင် Hazel က ” တစ်ကျော့ နှစ်ကျော့ တေးကိုသီ သီချင်း နဲ့ယှဉ်ပြိုင်သွားခဲ့ပြီး ပရိသတ်တွေကြားမှာ အရမ်းကို နာမည်ကြီးနေတာပါ။ ဒီပြိုင်ပွဲမှာ သီဆိုသွားတဲ့ သီချင်း နဲ့ ပတ်သက်ပြီး ဒေါ်မာမာအေး က ခုလိုပြောထားပါတယ်။

“တစ်ကျော့ နှစ်ကျော့ တေးကိုသီ” သီချင်းကိုရေးစပ်ထားတဲ့ စာပေပညာရှင် ဆရာကြီးမင်းသုဝဏ်၊ ဂီတပညာရှင် ဂီတလုလင် မောင်ကိုကို နဲ့ မူရင်း အဆိုရှင် တင်တင်မြ က သီဆိုထားတဲ့ အရမ်းကို ပြောင်မြောက်တဲ့ သီချင်းဖြစ်တာမို့ ခုလို ပြိုင်ပွဲမှာ ယှဉ်ပြိုင်တဲ့အခါ မူရင်း သီချင်း အရသာတွေပျောက်သွားတာကြောင့် ပြိုင်ပွဲမှာ ဒီသီချင်းကို သီဆိုဖို့ ဦးဆောင် အသစ်ဆင်လိုက်တဲ့ သူကို ခုလို ပြောထားပါတယ်” တစ်ကျော့ နှစ်ကျော့ တေးကို သီ ကြားရတာ မကြိုက်ဆုံးအရာကတော့ “မောင်လေးရေ ထပါတော့ ရောင်နီလာလှပေါ့ “ဆိုတဲ့ စာသားကို ထပ်ခါထပ်ခါ အသံသေးအသံကြောင် မရောက်ရုံ တမယ် အာပြဲစိန် လုပ်ခိုင်းခဲ့တာကိုပဲ ထပ်တွန့်စရာလား ” လို့ပြောထားပါတယ်။

ဒေါ်မာမာအေးက ဒီသီချင်းနဲ့ ပတ်သက်တဲ့ ဇစ်မြစ်အားလုံးရှင်းပြပြီး နောက် ” နိုင်ငံတကာစံ ဝင်ချင်သပဆိုလဲ ကိုယ်တိုင်ရေးကြ ၊ ကိုယ်တိုင်ထုတ်လုပ်ကြပါ ၊ ကျမတို့ ကြိုဆိုအားပေးနေမှာပါ ။ စီးလာတဲ့ ရေအလျင်မှာ ကျူပင်နဲ့ မတားပါဘူး ။ကျမတို့မြန်မာတွေ အမြတ်တနိုးထားတဲ့ ဂန္ထဝင်သီချင်းတွေကို မြန်မာစာအနေနဲ့ ထားရစ်ခဲ့ကြပါ – ” လို့ မန္တလေး နေ့စဉ်သတင်းစာမှာ ဖော်ပြထားပါတယ်။

တစ်ကျော့နှစ်ကျော့တေးကိုသီ သီချင်းနဲ့ ပတ်သက်ပြီး ဒေါ်မာမာအေး ပြောထားတဲ့ အကြောင်းကို ပရိသတိတွေ သိရလောက်ပြီ ထင်ပါတယ်။ ကြည့်ရူပေးကြတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

Credit-မိုမိုလေး