နိုဝင်ဘာ (၂)ရက်နေ့မှာ အသက် ၄၅ ပြည့်ပြီဖြစ်တဲ့ နန္ဒာလှိုင်

နန္ဒာလှိုင်ဟာ ပရိသတ်တွေရဲ့အားပေးမှုကို အခုထိပိုင်ဆိုင်ထားပြီး အရင်တုန်းက အနုပညာလောကမှာ လျှမ်းလျှမ်းတောက်ကျော်ကြားခဲ့တဲ့ အနုပညာရှင်တစ်ယောက်လည်းဖြစ်ပါတယ်။အခုအခါမှာတော့ ပရိသတ်လေးစားအားကျတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားသူဖြစ်ပြီး ဘဝကိုအေးချမ်းပျော်ရွှင်စွာနဲ့ ဖြတ်သန်းနေသူလည်းဖြစ်ပါတယ်။

အနုပညာအလုပ်နဲ့ ဝေးကွာခဲ့တာကြာပြီဖြစ်တဲ့ ထပ်ဆင့်အကယ်ဒမီဆုရှင်တစ်ယောက်ဖြစ်တဲ့ နန္ဒလှိုင်ဟာ ဒီနေ့နိုဝင်ဘာ ၂ ရက်နေ့ကမှာသူမက ၄၅ နှစ်ပြည့်ခဲ့ပြီလည်းဖြစ်ပါတယ်။

သူမဟာ အနုပညာလှုပ်ရှားမှုတွေ မပြုလုပ်တော့ပေမယ့် သူမရဲ့ သမီးလေးသုံးယောက်နဲ့အတူ ပျော်ရွှင်ကြည်နူးဖို့ကောင်းတဲ့ မိသားစုဘဝဖြတ်သန်းပုံတွေကိုတော့ သူမရဲ့ လူမှုကွန်ယက်ဖြစ်တဲ့ ဖေ့ဘုတ်အကောင့်ကနေ မျှဝေပေးလေ့ရှိပါတယ်။

သမီးလေးတွေဟာလည်းအမေတူသမီးချောလေးတွေဖြစ်ပြီး ဝဝကစ်ကစ်နဲ့ချစ်စရာကောင်းနေတာမို့ ပရိသတ်တွေကလည်း အသဲတယားယားနဲ့ အချစ်တွေပိုနေရပါတယ်။ ပရိသတ်ကြီးလည်း အရင်ကမင်းသမီးဟောင်းလေး တစ်ယောက်ဖြစ်တဲ့ နန္ဒာလှိုင်မွေးနေ့အတွက်ဆုတောင်းပေးလိုက်ကြပါအုံးနော်။ အဆုံးထိဖတ်ရှုပေးတဲ့ အတွက် ကျေးဇူးတင်ရှိပါတယ်။

Credit-မိုမိုလေး