ချွေးနှဲစာနဲ့ စုဆောင်းထားတဲ့ တန်ဖိုးကြီးပတ္တမြား လက်စွပ် ၆ ကွင်းကို သစ်တံခါးဆရာတော်ဘုရားကြီးထံ လှူဒါန်းသွားမယ့် ဇင်ဇင်ဇော်မြင့်

သရုပ်ဆောင်လောကမှာ သိပ်မတွေ့ရတော့ပဲ စီးပွားရေးလုပ်ငန်းဘက်မှာ ပိုမိုလုပ်ဖြစ်နေတဲ့ မင်းသမီးလေး ဇင်ဇင်ဇော်မြင့်ကတော့ သူမရဲ့ ချွေးနှဲစာလေးတွေကို တန်ဖိုးကြီး ပတ္တမြားလက်စွပ်လေးတွေအဖြစ် စုဆောင်းထားခဲ့တာပါ။ အခုသူမက ဒီစုဆောင်းထားတဲ့ ချွေးနှဲစာ လက်စွပ် ၆ ကွင်းကို သစ်တံခါးဆရာတော်ကြီးထံ လှူဒါန်းဖို့ ပြင်ဆင်နေပါပြီတဲ့။ တကယ့်ကို မွန်မြတ်တဲ့ အလှူတစ်ခုပါပဲ။

သရုပ်ဆောင်ဇင်ဇင်ဇော်မြင့်ဟာဆိုရင် လက်ရှိမှာ ZZ Gems and Jewellery ဆိုတဲ့ ကျောက်မျက်ရတနာဆိုင်လေး ဖွင့်လှစ်ထားရှိပြီး အဆိုပါဆိုင်ရဲ့ လက်ရာဖြစ်တဲ့ တန်ဖိုးကြီး ပတ္တမြားလက်စွပ်တွေကို လှူဒါန်းလိုက်တာပဲ ဖြစ်ပါတယ်။

သူမရဲ့ ဖေ့ဘုတ်မှာ “ကျေးဇူးရှင် သစ်တံခါးဆရာတော်ဘုရားကြီး မနက်ဖြန် အောင်ပွဲထွက်ပွဲ မတိုင်ခင် မိမိတို့ရဲ့ ချွေးနှဲစာ နဲ့ ကုသိုလ်လေးကို သွားရောက် လှုဒါန်းပူဇော် သစ္စာပြုဆုတောင်းပါမယ်. 2014 ကကွယ်လွန်သွား တဲ့အနိုင်းမဲ့ ကျေးဇူးရှင် အဖေ ဦးဇော်မြင့်နဲ့ အမေဒေါ်ညွန့်ညွန့်သန်း တို့အတွက် သစ္စာပြုလှူဒါန်းပါတယ် နောက်ပြီး ၃. ၆. ၂၀၁၉ တနလာင်္နေ့မနက် ၅. ၂၅ ကကွယ်လွန်သွားတဲ့ ခင်ပွန်းဖြစ်သူ ကိုချမ်းရဲ့ အမေ အတွက်လဲ သစ္စာဆိုဆုတောင်းပါတယ်. ရောက်ရာဘုံဘဝက နေ သာဓု ခေါ်ဆိုနိုင်ပြီး စစ်မှန် တဲ့သစ္စာတရားကုသိုလ်ကြောင့်ထပ်တူရကြပါစေသား” လို့ ရေးသားထားခဲ့တာပါ။

ဇင်ဇင်ဇော်မြင့်ဟာ ခင်ပွန်းဖြစ်သူ ချမ်းကျော်ကျော်ပိုင်နဲ့လက်ထပ်ပြီးကတည်းက အနုပညာလှုပ်ရှားမှုတွေ နည်းသွားတာ တွေ့ရပြီး လက်ရှိအချိန်မှာ စီးပွားရေးဘက်ကိုပဲ ဖိဖိစီးစီး လုပ်ဖြစ်နေတယ်လို့ သိရပါတယ်။ ခင်ပွန်းဖြစ်သူ ချမ်းကျော်ကျော်ပိုင်နဲ့ သားလေး ၂ဦး မွေးဖွားထားပြီး သားလေးတွေက အခုဆို ကျောင်းတက်တဲ့အရွယ်ရောက်နေပါပြီ။

တစ်ချိန်က ရာဇာနေဝင်း ၊ ပုလဲဝင်းတို့ နဲ့ အတွဲညီညီ ပရိသတ်များခဲ့တဲ့ ဇင်ဇင်ဇော်မြင့်တစ်ယောက် အခုလို မွန်မြတ်တဲ့အလှူလေးတွေကို ပိုတိုးပြီး လှူဒါန်းနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Credit- We Love Cele