BPI စက်ရုံမှူးအမှုနှင့်ပတ်သက်ပြီး မှန်မှန်ကန်ကန်ဆုံးဖြတ်မည်ဟု တရားသူကြီးက ကတိပေးခဲ့ဟု ဆို

BPI စက်ရုံမှူး ဒေါက်တာအောင်ဇော်အမှုနှင့်ပတ်သက်ပြီး မှန်မှန်ကန်ကန်ဆုံးဖြတ်မည်ဟု တရားသူကြီးက ရန်ကုန်တိုင်းတရားလွှတ်တော်၌ ကတိပေးပြောဆိုခဲ့ကြောင်း ဒေါက်တာအောင်ဇော်၏ရှေ့နေဖြစ်သူ ဥပဒေအကြံပေး ဦးခင်မောင်မြင့်က ပြောသည်။ရန်ကုန်တိုင်းတရားလွှတ်တော်၌ အောက်တို့ဘာလ ၃၀ ရက်က ဒေါက်တာအောင်ဇော်အမှု ရုံးထုတ်စစ်ဆေးခြင်းနှင့်ပတ်သက်ပြီး ယခုကဲ့သို့ပြောခြင်းဖြစ်သည်။

Image may contain: 1 person, outdoor

“ တရားလွှတ်တော်တရားသူကြီးက စွပ်စွဲခံရသူရော၊ တရားလိုရော၊ နောက်ရုံးချိန်းမှာ တက်ရောက်လေ့လာနားထောင်ကြတဲ့ပရိသတ်တွေအကုန်လုံးရဲ့ရှေ့မှာဘာပြောလဲဆိုရင် ဒီအမှုနှင့် ပတ်သက်ပြီး ဥပဒေနဲ့အညီမှန်မှန်ကန်ကန်ဆုံးဖြတ်မယ်လို့ ကတိပေးပါတယ်လို့ အတိအလင်း တရားခွင်ကနေ ပြောကြားခဲ့ပါတယ်”ဟု ဒေါက်တာအောင်ဇော်ဘက်မှလိုက်ပါဆောင်ရွက်ပေးသည့် ဥပဒေအကြံပေး ဦးခင်မောင်မြင့်က ပြောသည်။

Image may contain: 2 people, plant, tree and outdoor

ဖြစ်စဉ်မှာ ဆေးဝါးထုပ်ပိုးပစ္စည်းများထုတ်လုပ်ရန် ကော်စေ့ ၂၆ တန်ကိုလုပ်ထုံးလုပ်နည်းနှင့်မညီဘဲ ၀ယ်ယူခဲ့သောကြောင့် နိုင်ငံတော်၏ငွေကြေးနှင့်ပစ္စည်းကိုထိခိုက်နစ်နာဆုံးရှုံးစေသည်ဟုဆိုကာ စက်တင်ဘာလ ၆ ရက်က BPI စက်ရုံမှူးဒေါက်တာအောင်ဇော်အား အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၆ ဖြင့် အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။အဆိုပါအမှုနှင့်ကို ရုပ်သိမ်းခွင့်ပြု/မပြုနှင့်ပတ်သက်ပြီး လာမည့် နိုဝင်ဘာလ ၇ ရက်တွင် အမိန့်ချမည်ဖြစ်ကြောင်း သိရသည်။

Credit-အကုန်သိ