ပရိသတ်တွေကိုချေလို့ ပြိုင်ပွဲမှာ Vote မရဘဲ ပြုတ်သွားရတာဆိုပြီး ဝေဖန်နေသူတွေကို တုန့်ပြန်လိုက်တဲ့ ခြူးစစ်ဟန်

Myanmar Idol Season 4 ရဲ့ Top 11 ကနေ ပထမဆုံး Vote အနည်းဆုံးရလို့ ပြိုင်ပွဲကထွက်ခဲ့ရသူ ခြူးစစ်ဟန်ကို သူမရဲ့ ပရိသတ်တစ်ချို့က ချေလို့ မျက်နှာမာလို့ ပြိုင်ပွဲမှာ Vote မရဘဲ ပြုတ်တာလို့ ဝေဖန်မှုတွေအပေါ် သူမက ပြန်လည်တုန့်ပြန်ဖြေရှင်းလိုက်ပါတယ်။

Image may contain: 2 people, people standing

Image may contain: 1 person, smiling, closeup

ခြူးစစ်ဟန်က သူမရဲ့ ဖေ့ဘုတ်မှာ “ဘဝမှာ အခက်ခဲတွေအများကြီးရှိခဲ့လို့ အပျော်ဆိုတာ မရှိသလောက်ရှားခဲ့ပါတယ်။ ကိုယ့်ဘဝမှာ တစ်ယောက်ထဲ ကြိုးစားရုန်းကန်နေရတော့ ခြူးစစ် မျက်နှာမှာ အမြဲအားငယ်စိုးရိမ်မှုတွေနဲ့ပါ ။ နဂိုကလဲအပေါင်းသင်းမရှိ အနေအေးတော့ ဒါကိုမျက်နှာမာတယ် ချေတယ်လို့ မထင်လိုက်ကြပါနဲ့ဗျာ၊ ခြူးစစ် စိတ်ထားအရမ်းဖြူပါတယ် ပေါင်းတဲ့သူတိုင်းသိကြပါတယ်၊ ခြူးစစ် မရယ်လို့ပရိသတ်မချစ်ကြတာလား ဟင် ၊ ချစ်တဲ့သူ တစ်ယောက်ထဲပဲရှိနေပါစေ ဘဝမှာအကောင်းဆုံး အရိုးသားဆုံးကြိုးစားနေသူမို့ စိတ်ဓာတ်မကျပဲ အမြဲရှေ့ဆက်နေပါ့မယ်ဗျာ ချစ်ခင်အားပေးကြတဲ့သူ တစ်ယောက်ချင်းစီကို အရမ်းကျေးဇူးတင်ပါတယ်” လို့ ပြောထားတာပါ။

Image may contain: 1 person, smiling, closeup

Image may contain: 2 people, people standing and indoor

သူမက “ဘဝမှာ ကိုယ်ဖြစ်ချင်တဲ့အရာတစ်ခုဖြစ်လာဖို့ ကြိုးစားအားထုတ်တဲ့အခါမှာ ကျရှုံးတိုင်း မိမိကိုယ်ကို ခွန်အားပေးဖြစ်တဲ့အရာတစ်ခုက ဒီထက်ပိုကောင်းတဲ့အရာတစ်ခု ရမှာမို့လို့ ဒီအရာကို ငါစွန့်လွှတ်လိုက်ရတယ်လို့ပဲ သဘောထားလိုက်တာပါ။ ခြူးစစ် ဘဝမှာ အမြဲလို ကြိုးစားရုန်းကန်ခဲ့ရတယ်။ အခက်ခဲများစွာ ကြုံခဲ့ရဖူးလို့ တချို့သောလူတွေရဲ့ နှိမ့်ချစော်ကားမှုတွေ လူတွေရဲ့ ခွဲခြားဆက်ဆံမှုတွေအပေါ် လိုက်ရောညီထွေစွာ ဆက်ဆံရင်း ဖြတ်သန်းလာခဲ့ရသူပါ ” လို့လည်း ဆိုထားပါတယ်။

Image may contain: 1 person, closeup

Image may contain: 1 person, smiling

ခြူးစစ် ဘဝ မှာ အတွေ့ကြုံတွေအများကြီး ရခဲ့ပြီးပြီ၊ ဘဝကို ကိုယ့်အရည်ချင်းနဲ့ကိုယ် တက်လှမ်းချင်လို့ ကိုယ်စွမ်းနိုင်လုပ်နိုင်သလောက် ပြိုင်ပွဲတွေအများကြီးပြိုင်ပြီး ကြိုးစားခဲ့ပါတယ်။
ဘဝမှာ အတိုက်ခိုက်အနှောက်ယှက်တွေလဲများစွာ ကြုံခဲ့ရဖူးပါတယ် ဒီအရာတွေကို ကြန့်ကြန့် ခံပြီး မိမိ တတ်စွမ်းနိုင်တဲ့ အရည်ချင်းနဲ့သာကြိုးစားပြီးရှေ့ဆက်နေခဲ့တာပါ၊ အခုပြိုင်ပွဲမှာ ရှုံးနိမ့်ခဲ့ပေမယ့် နောက်လည်း အနုပညာပိုင်းရော အဆိုပိုင်းကိုပါ ဆက်ပြီးပိုတိုးကြိုးစားသွားမယ်လို့ ခြူးစစ်ဟန်က ပြောထားတာ တွေ့ရပါတယ်။

Image may contain: 1 person, closeup

Image may contain: 1 person, smiling, standing and outdoor

သူမက အရာအားလုံးက ကောင်းဖို့အတွက်ဖြစ်လာတာပါ ၊ ခြူးစစ်ကို အခုလိုချစ်ခင်အားပေးကြလို့ ကျေးဇူးများကြီးတင်ပါတယ်ရှင့် ၊ ခြူးစစ် ရှေ့ဆက်ပြီးအကောင်းဆုံး အနုပညာအလုပ်တွေ ကြိုးစားဆက်လျှောက်နေမှာပါ လို့လည်း ဆိုထားပါသေးတယ်။

Image may contain: 1 person, standing

Image may contain: 3 people, people smiling, closeup

သူမဟာ Miss Face of Beauty Myanmar 2015 ဆုရှင်လည်းဖြစ်ပြီး အိပ်မက်ဆုံရာမှာလည်း ယှဉ်ပြိုင်ဖူးသူဖြစ်ပြီး အခု Myanmar Idol မှာလည်း Top 11 ထဲ ဝင်နိုင်ခဲ့တာဖြစ်ပါတယ်။ ပရိသတ်ကြီးရော MMID season 4 ရဲ့ Top 11 မှာ ခြူးစစ်ဟန်က Vote အနည်းဆုံးနဲ့ ပထမဆုံးအိမ်ပြန်သူဖြစ်ခဲ့ရတဲ့အပေါ် ဘယ်လိုမြင်လဲ ပြောပြပေးသွားပါဦး။

Image may contain: 2 people, people smiling, people standing and closeup

Credit-Cele Star