Now & Ever ရုပ်ရှင်ကားကို ကြည့်ပြီး ခံစားလိုက်ရတဲ့ အရာတွေကို ပြောပြလာတဲ့ ဝတ်မှုံရွှေရည်

ဒါရိုက်တာ ခရစ္စတီးနားခီရိုက်ကူးတဲ့ Now&Ever ရုပ်ရှင်ကားကို သွားကြည့်ဖြစ်တယ်လို့ဆိုတဲ့ ဝတ်မှုံရွှေရည်က ဇာတ်ကားရဲ့ ပေးချင်တဲ့ Message အရမ်းကောင်းတယ်လို့ ဆိုပါတယ်။

Image may contain: 1 person, standing

“Now & Ever ကားသွားကြည့် ဖြစ်တာက သုသုအမေအန်တီနွယ်ကလည်း ဖိတ်လို့ သွားကြည့်ဖြစ်ခဲ့တယ်။ မဖိတ်လည်း သွားကြည့်ဖို့ အစီအစဉ်ရှိပါတယ်။ ဖိတ်တာနဲ့တိုက်ဆိုင်တော့ မနေ့ကအားလို့ သွားကြည့်ဖြစ်ခဲ့တယ်။ ရိုတာထက် တကားလုံး ဘာဖြစ်မလဲ ဘာဖြစ်မလဲတွေးခိုင်းတာပေါ့”

Image may contain: 2 people, wedding

“အခုချိန်ထိလည်း ကစ်တွေးနေတုန်းပဲ။ ရိုပြီးတော့ လက်တွေ့မဆန်တဲ့ အချစ်မဟုတ်ဘူးပေါ့။ ကစ်ခံစားရတာ။ တဘဝလုံး လက်တွေ့ဆန်တဲ့ အချစ်မျိုးပါ။ ကိုမိုးနီလွင် ပြောသလို Valentine မှ ပန်းစည်းလေးပေးမှ အချစ်မဟုတ်ဘူး။ တဘဝလုံး ဒုက္ခရောက်ချိန်မှာရော အချစ်ကရှိနေမှာလား။ တကယ်ကို ပေးချင်တဲ့ Message လေးက အရမ်းကောင်းပါတယ်”

Image may contain: 2 people, people smiling, wedding

“ ဒီဇာတ်ကားအကုန်လုံးက သရုပ်ဆောင်တာရော ရိုက်ကူးရေးပိုင်းရော ဇာတ်ညွှန်းရော အကုန်လုံးကပြောစရာ မလိုပါဘူး။ ဇာတ်ကားကြည့်တာ သရုပ်ဆောင်တွေကို ကြည့်တာမဟုတ်ဘူးပေါ့။ ဇာတ်ကားထဲကဇာတ်ကောင် တွေကိုကြည့်တာပေါ့။ ကစ်က ရုံပြင်ထွက်သွားတာနဲ့ အဲ့ဇာတ်ကားကို ပြန်ပြန်တွေးနေရတယ်ဆိုရင် အဲ့ဇာတ်ကားကို ကစ်ကြိုက်တယ် ”လို့ ဝတ်မှုံရွှေရည်ကပြောပါတယ်။

Image may contain: 1 person, phone and closeup

ဇာတ်ကားတွေလည်း ရိုက်ကူးဖို့ရှိတယ်လို့ဆိုတဲ့ ဝတ်မှုံရွှေရည်က ချစ်တဲ့ပရိသတ်တွေနဲ့ Fan Meeting လုပ်ဖို့ရှိတယ် လို့လည်း ဆိုပါတယ်။“ကစ်ရဲ့ ပရိသတ်တွေနဲ့တွေ့ဆုံမယ့် Fan Meeting ကိုရက်ရွှေ့သွားတာက အချိန်လေးပိုယူချင်တာရယ်။ ကိုမောင်အေးတို့ ကိုဆန်းထွဋ်တို့အားမယ့်ရက်ရော နေရာအဆင်ပြေမယ့်ရက်ရောကြောင့် နောက်ရွှေ့လိုက်ရတာပါ။ ၂၁ရက်နေ့ဆို အားလုံး အဆင်ပြေမယ်ထင်ပါတယ် ”လို့ ဝတ်မှုံရွှေရည်ကပြောပါတယ်။

Image may contain: 1 person, outdoor

လတ်တလောလုပ်ဖြစ်နေတာနဲ့ ပတ်သက်လို့လည်း ဝတ်မှုံရွှေရည်က အခုလိုပြောပြပါသေးတယ်။“အခုက စာအုပ်တွေဖတ်ဖြစ်နေတယ်။ ငယ်ငယ်တုန်းကတော့ မျိုးစုံဖတ်တာပေါ့။ ခွန်အားပေးတဲ့ ဇာတ်လမ်းစာအုပ်တွေ ဖတ်ဖြစ်တယ်။ ကြီးလာတော့ ဇာတ်လမ်းပိုဖတ်ဖြစ်တာပေါ့။ ဝတ္ထုဇာတ်လမ်းပိုဖတ်ဖြစ်တယ်ပေါ့။ လတ်တလောကတော့ ပွဲတွေ တက်ဖြစ်တယ်။ ကြော်ငြာတွေရိုက်ဖြစ်တယ်။ ဇာတ်ကားရိုက်ဖို့တွေလည်းရှိတယ်”လို့ ဝတ်မှုံရွှေရည်က ဆိုပါတယ်။

Image may contain: 1 person

Credit-ဧရာဝတီ