ပြိုင်​ပွဲဝင်​သီချင်း​ကြောင့်​ ​ဝေဖန်​ခံ​နေရတာ​တွေကို စိတ်​မ​ကောင်းစွာ​ဖြေရှင်းလိုက်​တဲ့ Hazel

အိမ်မက်ဆုံရာ ပြိုင်ပွဲဝင်တစ်ဦးအဖြစ် ပရိသတ်ရင်ထဲမှာ နေရာတစ်ခုရထားတဲ့ Hazel ကတော့ အနုပညာလောကနဲ့ အနည်းငယ် အလှမ်းဝေးနေပြီးနောက်ပိုင်း The Voice Myanmar Season 2 မှာ သူမရဲ့အနုပညာကို အပြည့်​အဝချပြပြီး Final အထိ အ​ကောင်းဆုံးယှဉ်ပြိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ လတ်​တ​လောမှာ​တော့ Hazel က Final Round မှာ ​သူမ ပြိုင်​ပွဲဝင်​ခဲ့တဲ့ “တစ်​​ကျော့နှစ်​​ကျော့ ​တေးကိုသီ” သီချင်း​ကြောင့်​ ​ဝေဖန်​မှုတစ်​ချို့နဲ့ ရင်​ဆိုင်​​နေရတာပဲ ဖြစ်​ပါတယ်​။ အဆိုပါ​ဝေဖန်​မှု​တွေကို​တော့ Hazel က မ​နေ့ကပဲ စိတ်​မ​ကောင်းစွာ ပြန်​လည်​​ဖြေရှင်းခဲ့တာ ​တွေ့ရပါတယ်​။

ချစ်​ပရိသတ်​​တွေအတွက်​ ​ဝေဖန်​မှု​တွေ​ကြောင့်​ စိတ်​မ​ကောင်းဖြစ်​​နေတဲ့ Hazel ရဲ့ ​ဖြေရှင်းချက်​​တွေကို ​ဖော်​ပြ​ပေးလိုက်​ပါတယ်​​နော်​။

Hazel က​တော့ “ဟေဇယ်က ပြိုင်ပွဲဝင်တယောက်ပါ ပြိုင်ပွဲအရ လူတိုင်းအကောင်းဆုံးဖြစ်ချင်ကြလို့ကြိုးစားကြတယ် ဟေဇယ်လည်း ကျရာတာဝန် ကိုအကောင်းဆုံးကြိုးစားထမ်းဆောင်ခဲ့တယ် သီချင်းက ပျက်မသွားပါဘူးဆိုတာလေ ဟေဇယ်လည်း ဒီသီချင်းအပိုင်မရပါဘူး နောက်ပိုင်းလည်းကိုယ်ကျိုးအတွက်သုံးစားဖို့မရည်ရွယ်ခဲ့ပါဘူး ပေါက်ချင်လို့လည်း ကြိုးစားခဲ့တာမဟုတ်ရပါဘူးပြိုင်ပွဲတခုကိုပြိုင်ပွဲလိုမမြင်ပေးနိုင်ကြတာတခုတော့ ဘာမှမသိနားမလည်သေးတဲ့ ဟေဇယ့်အတွက်တကယ်စိတ်မကောင်းဘူး

နောက်ဆုံးစာသားလေးမြင်တော့ မိန်းကလေးဖြစ်တဲ့ကိုယ် အဲ့စာဖတ်ရမှာအရမ်းရှက်လာတယ် ဘာမှမသိတတ်သေးလို့ဘဲပြိုင်ပွဲလာပြိုင်တာပါ အမြဲ မှားတာရှိတိုင်းသင်ယူပါတယ် နောက်လည်းသင်ယူနေဦးမှာပါ” ဆိုပြီး ကြမ်းတမ်းစွာ​ဝေဖန်​ထားတဲ့​ကြောင့်​ အရမ်းစိတ်​မ​ကောင်းဖြစ်​ရတဲ့အ​ကြောင်း ​ဖြေရှင်းထားတာပါ။

Credit- myanmarnewsmarket