ဝရမ်းပြေးများကို မြန်မာတစ်နိုင်ငံလုံးရှိ တွေ့သည့်နေရာတွင်ဖမ်းဆီးခွင့်ရှိဟု ဆို

ရမ်းပြေးများကိုဖမ်းဆီးရာတွင် မြို့နယ်တစ်ဝိုက်နှင့် နေရပ်လိပ်စာပေါ်တွင်သာမူတည်၍ဖမ်းဆီးရခြင်း မဟုတ်ဘဲ မြန်မာနိုင်ငံရှိတွေ့သည့်နေရာတွင်ဖမ်းဆီးခွင့်ရှိကြောင်း ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ တရားသူကြီးဦးမျိုးတင့်က ပြောသည်။နိုဝင်ဘာလ ၅ ရက်ကကျင်းပသည့် ဒုတိယအကြိမ်အမျိုးသားလွှတ်တော် ၁၄ ကြိမ်မြောက်ပုံမှန်အစည်းအဝေး ဒုတိယမြောက်နေ့တွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

၀ရမ်းပြေးများကို မြန်မာတစ်နိုင်ငံလုံးရှိ တွေ့သည့်နေရာတွင်ဖမ်းဆီးခွင့််ရှိဟု ဆို

“ တရားခံထွက်ပြေးတိမ်းရှောင်သွားတဲ့အခါမှာ ကျွန်တော်တို့တရားရုံးများကိုတရားခံမပါဘဲတရားခံပြေးမှုများ ပြစ်မှုဆိုင်ရာရာဇ၀တ်ကျင့်ထုံးဥပဒေပုဒ်မများအရ တရားခံပြေးအဖြစ်တရားစွဲတင်ပေးလျက်ရှိပါတယ်။ ဒီအခါမှာ ရာဇ၀တ်ကျင့်ထုံးဥပဒေများအရလက်ခံရရှိတဲ့တရားရုံးများဟာ ရာဇ၀တ်ကျင့်ထုံးဥပဒေပုဒ်မ- ၇၅ အရ သက်ဆိုင်ရာတရားခံကိုဖမ်းဝရမ်ထပ်မံထုတ်ဆင့်ပါတယ်။ ၀ရမ်းအပေါ်မှာ ၀ရမ်းအတည်မဖြစ်ပါက ၀ရမ်းအတည်ပြုသူအရာရှိကိုယ်တိုင်နဲ့အတည်ပြုကြောင်းသိရှိတဲ့သက်သေ ၂ ဦးကိုပါ ခေါ်ရောက်ပြီး ရုံးရှေ့သို့သက်သေခံရမည်လို့ရေးသားပြီး ၀ရမ်းထုတ်ဆင့်ပေးခဲ့ပါတယ်။

အဲဒီဝရမ်းဟာ ရာဇ၀တ်ကျင့်ထုံးဥပဒေ- ၇၅ ၊ အပိုဒ်- ၂ အရ ကျွန်တော်တို့မရုပ်သိမ်းသမျှ ၊တရားခံကိုမဖမ်းမိသမျှအာဏာသက်ရောက်တဲ့ဝရမ်း ဖြစ်ပါတယ်။ ဒီဝရမ်းဟာရာဇ၀တ်ဥပဒေကျင့်ထုံးပုဒ်မ- ၈၂ အရ မြန်မာနိုင်ငံတစ်ဝှမ်း မည်သည့်အရပ် မည်သည့်နေရာမှာမဆို အတည်ပြုဖမ်းဆီးနိုင်တဲ့ဝရမ်းဖြစ်ပါတယ်။ ၀ရမ်းအပေါ်မှာရေးသားထားတဲ့ တရားခံရဲ့လိပ်စာအရမည်သူမည်ဝါဖြစ်ပြီး အဲဒီနေရာမှာပဲဖမ်းဆီးရမယ်လို့ဥပဒေအရဆိုလိုတာမဟုတ်ပါဘူး။ ၀ရမ်းမှာဖော်ပြထားတဲ့မည်သူသားသမီး ၊အလုပ်အကိုင်ကဘာ၊ ဘယ်သူသားသမီးဆိုတာ အဲဒီအရပ်မှာပဲ ဖမ်းဖို့မဟုတ်ပါဘူး’’ဟု ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ တရားသူကြီးဦးမျိုးတင့်က ပြောသည်။မန္တလေးတိုင်းဒေသကြီးမဲဆန္ဒနယ်အမှတ်(၂)မှ ဦးထွန်းထွန်းဦးမေးမြန်းသည့် “တရားဥပဒေကို မထီမဲ့မြင်ပြုကြသောဝရမ်းပြေးကိစ္စရပ်များလျော့နည်းပပျောက်သွားစေရန် မည်ကဲ့သို့ ဆောင်ရွက်ထားသည်ကို သိရှိလိုခြင်း”နှင့် စပ်လျဉ်းသည့် ကြယ်ပွင့်ပြမေးခွန်းကို ဖြေကြားခဲ့ခြင်းဖြစ်သည်။

မန္တလေးတိုင်းဒေသကြီးမဲဆန္ဒနယ်အမှတ်(၂)မှ ဦးထွန်းထွန်းဦးမေးမြန်းရာ၌ ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ မြယာကုန်းရပ်ကွက်တွင်ဖြစ်ပွားခဲ့သော ဆူပူရန်ဖြစ်ရာတွင်ပါဝင်သူ ၁ ဦးအား ချက်ချင်းမဖမ်းဆီးနိုင်ခဲ့ခြင်း၊ မိုးထိမိုးမိ လုပ်ငန်းရှင်ကို ထိုင်းနိုင်ငံတွင်သွားရောက်ဖမ်းဆီးခြင်းတို့ကိုပါ ထည့်သွင်းပြောကြားခဲ့သည်။

Credit-အကုန်သိ