ပရဟိတမင်းသားကြီး ကျော်သူနဲ့ ချစ်သုဝေတို့ကြောင့် အရမ်းကိုပျော်ခဲ့ရတဲ့ ခိုင်နှင်းဝေ

အနုပညာလောကမှာ အောင်မြင်တဲ့ မင်းသမီးတစ်လက်ဖြစ်ရုံသာမက ပရဟိတလုပ်တဲ့နေရာမှာလည်း စံထားရတဲ့ အမျိုးသမီးတစ်ဦးဖြစ်တဲ့ မင်းသမီး ခိုင်နှင်းဝေက စိတ်ထားဖြူစင်ပြီး တကယ့်ကို လေးစားရတဲ့ မင်းသမီးတစ်လက်ဖြစ်ပါတယ်။ လူသားချင်းစာနာ နားလည်စိတ်အပြည့်နဲ့ ကူညီမှုတွေပေးနေတဲ့ မင်းသမီး ခိုင်နှင်းဝေရဲ့ ပရဟိတလုပ်ဆောင်ချက်တွေ ကြောင့် ပရိသတ်တွေက ချစ်ပြီးရင်းချစ် လေးစားပြီးရင်း လေးစားနေရသူတစ်ယောက်ပါ။

ခိုင်နှင်းဝေဖွင့်လှစ်ထားတဲ့ ရင်ခွင်မဲ့သားသားမီးမီးလေးတွေကို ထိန်းသိမ်းစောင်ရှောက်တွေအပြည့်နဲ့ မေတ္တာတွေပေးနေတဲ့ ခိုင်နှင်းဝေဂေဟာလေးက အမြဲတမ်းပြုံးပျော်မှုတွေအပြည့်နဲ့ သုခတွေပြည့်နေတဲ့နေရာလေးတစ်ခုပါ။ လူတိုင်းမလုပ်နိုင်တဲ့ ပရဟိတအလုပ်ကို အားကြိုးမာန်တက်လုပ်ကိုင်ရင်း သားသားမီးမီးလေးတွေအတွက် အမေတစ်ယောက်ရဲ့ မေတ္တာတွေကို အပြည့်အဝပေးနေတဲ့ ခိုင်နှင်းဝေရဲ့ မိခင်စိတ်ကတော့ အမျိုးသမီးတိုင်းလေးစားအားကျရတဲ့ သူတစ်ယောက်ပါ။ အခုလည်း မွေးနေ့ပွဲတစ်ခုမှာ ပရဟိတမင်းသားကြီး ကျော်သူနဲ့ အတူ တွေ့ဆုံခဲ့ပြီး ချီးကျူးစကားဆိုလိုက်တာကြောင့် ပီတိဝမ်းသာဖြစ်ရကြောင်းကို ပရိသတ်တွေကို ပြောထားတာပါ။

“ဒီနေ့မနက် ဦမောင် (ခ) ဦးကျော်သူ နဲ့ မွေးနေ့ပွဲတခုမှာတွေ့လို့ ဦးမောင်မပြန်ခင်လေး တခြားအနုပညာရှင်တွေကြားထဲတိုးဝှေ့ပြီး စကားလေးတခွန်းပဲမှတ်သားရ မှတ်သားရဆိုပြီး သွားနှုတ်ဆက်တော့ ကျမအဒေါ်နဲ့တွေ့တဲ့ အချိန်တုန်းက ချီးကျူးစကား အမှာပါးလိုက်တဲ့ အကြောင်း ကလေးတွေကိုစောင့်ရှောက်ထားတာနဲ့ပတ်သတ်ပြီးချီးကျူးတယ်ဆိုတဲ့အကြောင်းနဲ့ ကလေးတွေဆီလာကြည့်အုန်းမယ်ဆိုတော့ အတိုင်းမသိကြည်နူးရပါတယ်.”ဆိုပြီး ကြည်နူးခဲ့ရတဲ့အပြင် ချစ်သုဝေကလည်း ” ညီမလေး ချစ်သုဝေကလဲ နှလုံးအပေါက်ပါတဲ့ ကျမရဲ့ သမီးလေးကို ဆရာဝန်တွေနဲ့ပြပြီး သေချာဂရုတစိုက်ကုသပေးမယ့်အကြောင်း” ပြောတော့ ခိုင်နှင်းဝေရဲ့ အပြုံးတွေ ပိုပြီးအသက်ဝင်ခဲ့ပုံကို ပရိသတ်တွေလည်း ထပ်တူ ပီတိဖြစ်နိုင်ဖို့ ဖော်ပြလိုက်ရပါတယ်။

Credit-စွယ်စုံ