မိုးရေတွေ ကြားထဲ တစ်ညလုံးတောင့်ခံနေတဲ့ ဈေးသည် အဘကို တတ်နိုင်တဲ့ဘက်က သွားရောက်လှူဒါန်းခဲ့တဲ့ အောင်လေး

မော်ဒယ်သရုပ်ဆောင် မင်သားချောလေး အောင်လေးကတော့ ပရဟိတတွေလုပ်လေ့ရှိတဲ့ အနုပညာရှင်တစ်ဦးဖြစ်ပြီး လက်ရှိမှာလည်း မိုးရေတွေ ကြားထဲ တစ်ညလုံးတောင့်ခံနေတဲ့ ဈေးသည် အဘကို တတ်နိုင်တဲ့ဘက်က သွားရောက်လှူဒါန်းခဲ့တဲ့အကြောင်းကို “စိတ်တူကိုယ်တူ အမ ရဲ့အလှူမှာ တတ်တဲ့အလှုငွေလေးနဲ့ တတ်နိုင်တာကူညီခဲ့ပါတယ် အရင်ကလိုပရဟိတအကြီးကြီးတွေမလုပ်ဖြစ်တော့ပေမယ့်.. ခုလိုတတ်နိုင်တဲ့နေရာကပါဝင်ကုသိုလ်ယူဖြစ်ပါတယ်…အဘကမိုးရေထဲဘယ်လောက်တောင်နေထားလဲမသိဘူးလက်တွေမှာ အရည်ပြားတွေတောင်တော်တော်တွန့်နေပါပြီ…အမ Maw Kun ကအဝတ်အစားဈေးရောင်းဖို့လှည်းတစ်စီး ထီးကြီးတစ်လတ် ဈေးရောင်းဖို့ပစ္စည်း အစုံအလင်လှုခဲ့ပေးပါတယ်သာဓုသာဓုသာဓုပါ။ ကြုံရင်လှုဒါန်းလို့ရပါတယ်အဘကို ရွှေဘုန်းပွင့်ဘုရားနောက်ဘက်မှာပါ။ယခုကျွန်တော်တင်သော ပိုစ့်သည် အများသူငါ ကြုံရင်ပဲဖြစ်ဖြစ်တကူးတကပဲဖြစ်ဖြစ်ပါဝင်ကူညီလှုဒါန်းနိုင်ရန်ဖြစ်ပါသည်” လို့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နာမှာဖော်ပြထားပါတယ်။

အောင်လေးသွားရောက်လှူဒါန်းခဲ့တဲ့ ဈေးသည်အဘကတော့ ရွှေဘုန်းပွင့် ဘုရားအနောက်ဘက်မှာ ဈေးရောင်းနေလေ့ရှိတဲ့ ဈေးသည်အဘဖြစ်ပြီး တစ်ညလုံးမိုးရွာတာကြောင့် မအိပ်ရဘဲ ခိုက်ခိုက်ချမ်းနေတဲ့အထိပါပဲ။အဘအခုလိုမိုးရေထဲ ခိုက်ခိုက်တုန်အောင်ချမ်းနေတာကို မြင်ပြီး စိတ်မချမ်းမြေ့ဖြစ်တဲ့ Maw Kun ဆိုတဲ့ အကောင့်ပိုင်ရှင် အမက “၁/နေပူမိုးရွာ အမိုးလုံစေမဲ့ ထီးကြီးတစ်လက် ၂/ဈေးရောင်းဖို့လှည်းတလှည်း(စရံ၃သောင်းပေးထားပါပြီ) ၃/အဝတ်အစားအနည်းငယ်နဲ့ထည့်ရန်အဖုံးပိတ်ပါကော်ပုံးကြီး ၄/ခေါင်းအုံး နှင့်စောင် ၅/ဖျာ ” တို့ကိုသွားရောက်လှူဒါန်းမယ့်အကြောင်း ဖေ့စ်ဘွတ်ခ် အကောင့်မှ တင်ထားတဲ့ ပို့စ်ကို မြင်သွားပြီး အောင်လေးကလည်း အားတက်သရော ပါဝင်လှူဒါန်းခဲ့တာလည်းဖြစ်ပါတယ်။

ဈေးသည်အဘကတော့ ငယ်စဉ်က စက်မှုတက္ကသိုလ်ကျောင်းသား ဖြစ်ပြီး (၁၉၇၅)အရေးအခင်းမှာ ထောင်ကျ၊ အဲဒီနောက်ဘ၀ အခြေအနေအရ စီးပွားပျက်ရင်း ခုလို လမ်းဘေးဈေးသည် ဘဝကိုရောက်ရှိလာတယ်လို့သိရပါတယ်။ အဘကို အသက်အရွယ်ကြီးပြီးမို့ ဘိုးဘွားရိပ်သာ ပို့ဖို့ ဆွေးနွေးကြည့်ခဲ့ပေမဲ့လည်း အဘကခုလိုပဲဈေးရောင်းစားမယ်လို့ သိရပါတယ်။ ပရိသတ်ကြီးရေ အောင်လေးရဲ့ လိုအပ်နေသူကို မဆိုင်းမတွ လှူဒါန်းတဲ့ စိတ်ဓာတ်လေးကတော့ အတုယူလေးစားစရာပါပဲနော်။