သူနှင့်​ဇနီးဖြစ်သူရဲ့ ဂုဏ်သိက္ခာ ကျဆင်းအောင်လူမှုကွန်​ယက်​မှာ Post တင်ခဲ့တယ်ဆိုပြီး အဒေါ်ဖြစ်သူကို ရဲစခန်းမှာ အမှုဖွင့်တိုင်လိုက်တဲ့ ပိုင်ဇေရဲထွန်း

သရုပ်ဆောင် ပိုင်ဇေရဲထွန်းနှင့် ဇနီးဖြစ်သူ ဇင်သဲနိုင်တို့ ဇနီးမောင်နှံဟာ ဖခင်ဖြစ်သူရဲ့ အိမ်နှင့်ခြံကို ပေါင်နှံထားမှုကြောင့် ကမ္ဘောဇဘဏ်မှ တရားစွဲဆိုခြင်းကို ရင်ဆိုင်နေရကြောင်း ပိုင်ဇေရဲထွန်းရဲ့ ဖခင်ဖြစ်သူက လွန်ခဲ့တဲ့ နှစ်ရက်က လူမှုကွန်ယက်ပေါ်ရေးသားထားတာဖြစ်ပါတယ်။ ထိုရေးသားမှုကြောင့် ပိုင်ဇေရဲထွန်းတို့ဇနီးမောင်နှံဟာ ဝေဖန်ထိုးနှက်မှုအမျိုးမျိုးနဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။

ဒါ့အပြင် ဇင်သဲနိုင်ရဲ့ ပို့စ်တင်ပြီးတုံ့ပြန်မှုကြောင့်လည်း ဝေဖန်တိုက်ခိုက်မှုတွေက ပိုမိုပြင်းထန်ခဲ့တာဖြစ်ပါတယ်။ ဇင်သူနိုင်ကတော့ သတင်းစာရှင်းလင်းပွ္ပဲလုပ်မယ်ဆိုပြီး ယောက္ခမတွေကို အိမ်ခေါ်ခဲ့ပေမယ့် သတင်းစာရှင်းလင်းပွဲမလုပ်ဖြစ်ခဲ့ပါဘူး။ မိသားစုချင်း အဆင်ပြေနေပြီ ဆိုပြီးတော့ပဲ Live လွှင့်ခဲ့တာပဲဖြစ်ပါတယ်။

လတ်တလောမှာတော့ ပိုင်ဇေရဲထွန်းဟာ အဒေါ်ဖြစ်သူကို ဗဟန်းမြို့မရဲစခန်းမှာ အမှုဖွင့်တိုင်ကြားထားတာပဲဖြစ်ပါတယ်။ ပိုင်ဇေရဲထွန်းက သူနဲ့ သူဇနီးရဲ့ ဂုဏ်သိက္ခာ ကျဆင်းအောင် facebook ပေါ် post တင်ခဲ့တယ်ဆိုပြီး အဒေါ်ဖြစ်သူ ဒေါ်ခင်ဆွေထွန်းကို ရဲစခန်းမှာ အမှုဖွင့်တိုင်တန်းခဲ့တာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးအတွက် ပိုင်ဇေရဲထွန်းမှ အဒေါ်ဖြစ်သူကို တရားစွဲတဲ့ အကြောင်းကိုဖော်ပြပေးလိုက်ပါတယ်နော်။

Credit- Myanmarnewsmarket