ချစ်ရတဲ့မြန်မာပရိသတ်တွေကို နောက်ဆုံးပေါ် iPh 11 မဲဖောက်ပေးမယ့် Sinon Loresca

လူမှုကွန်ယက်စာမျက်နှာမှာ နာမည်ကြီးတဲ့ ဖိလစ်ပိုင်မော်ဒယ် Sinon Loresca ဟာ ကြံခိုင်သန်စွမ်းပြီး ယောကျာ်းဆန်တဲ့ ကြွက်သားအထစ်ထစ်နဲ့ ခန္ဒာကိုယ်ကို ပိုင်ဆိုင်ထားသူ တစ်ဦးပါ။ ယောကျာ်းဆန်တဲ့ ရုပ်ရည်နဲ့ ခန္ဒာကိုယ်ကို ပိုင်ဆိုင်ထားပေမယ့်လည်း ဒေါက်ဖိနပ်ကြီးတွေစီးပြီး Catwalk လျှောက်တဲ့နေရာမှာတော့ အမျိုးသမီးတွေတောင် လိုက်လို့ မမှီနိုင်အောင် ညင်သာကြွရွလွန်းလို့ ပရိသတ်တွေကို စွဲဆောင်နိုင်သူ တစ်ဦး ဖြစ်ပါတယ်။

Sinon Loresca က မြန်မာနိုင်ငံကို ပထမဆုံးအကြိမ် လာရောက်လည်ပတ်ရာမှ မြန်မာပြည်ကြီးနဲ့ မြန်မာလူမျိုးတွေကို သံယောဇဉ် ရှိသွားတာကြောင့် အခုနောက်ပိုင်းမှာ မြန်မာပြည်မှာပဲ အနေများပါတယ်။

ဒီတစ်ခေါက်မှာတော့ Sinon က သူချစ်တဲ့ ပရိသတ်တွေအတွက် Christmas အမှတ်တရ လက်ဆောင်အဖြစ် နောက်ဆုံးပေါ် iPh 11 ကြီးကို မဲဖောက်ပေးမယ်ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကတဆင့် ပြောထားပါတယ်။

Sinon Loresca ရဲ့ ပရိသတ်တွေကလည်း Sinon ရဲ့ ကံစမ်းမဲမှာ ဝင်ရောက်ကံစမ်းကြရာ အခုဆိုရင် ကံစမ်းသူပရိသတ် တစ်သိန်းနီးပါးရှိနေပြီကို တွေ့ရှိရပါတယ်။

Sinon က ပရစိတလုပ်ငန်းတွေကို လုပ်ကိုင်ဖို့ စိတ်အားထက်သန်ရုံသာမကပဲ သူ့ရဲ့ ပရိသတ်တစ်ယောက်ချင်းစီကိုလည်း ဂရုစိုက်သူတစ်ယောက် ဖြစ်ပါတယ်။ ပရိသတ်တွေလည်း Sinon ရဲ့ iPh ကံစမ်းမဲလေးမှာ သွားရောက်ကံစမ်းကြဖို့ တိုက်တွန်းလိုက်ပါတယ်နော်။

Credit-မိုမိုလေး