ခရီးသွားပြည်သူများ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် နေ့၊ညမရွေး တည်းခိုနားနိုင်ရန် အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှ ဓမ္မာရုံများ ဆောက်လုပ်ထားရှိ

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး တစ်လျောက်တွင် ခရီးသွားပြည်သူများ နေ့၊ညမရွေး လုံခြုံစိတ်ချစွာဖြင့် တည်းခိုနားနေနိုင်ရန်အတွက် ရဲတပ်ဖွဲ့က ဓမ္မာရုံများ ဆောက်လုပ်နေပြီး လက်ရှိတွင် ဓမ္မာရုံ(၆)လုံးအထိ ရှိပြီ ဖြစ်ကြောင်း အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

Image may contain: tree and outdoor

ရန်ကုန်-မန္တလေး အမြန်လမ်း တလျောက်ရှိ အမြန်လမ်းမကြီး ရဲတပ်ဖွဲ့ ရဲစခန်း (၁၆) ခုတွင် ဓမ္မာရုံများ ဆောက်လုပ်ရန် စီစဉ်ထားပြီး လက်ရှိတွင် ပေပင်လေးစခန်း၊ ဖြူးစခန်းနှင့် သီးကုန်းစခန်း သုံးခုတွင် ဓမ္မာရုံသစ်များ ဆောက်လုပ်ပြီးဖြစ်သည်ဟု ဆိုသည်။ ထို့အပြင် ယခင်ကတည်းက ဓမ္မာရုံအချို့ ရှိပြီးဖြစ်ရာ အမြန်လမ်းတလျှောက်တွင် ခရီးသွားများ တည်းခိုနားနေနိုင်သည့် ဓမ္မာရုံ(၆)ခုအထိ ဖွင့်လှစ်ထားပြီး ဖြစ်ကြောင်း သိရသည်။

Image may contain: plant, tree, house, outdoor and nature

အဆိုပါ ဓမ္မာရုံများတွင် ခရီးသည်များ နားနေနိုင်သလို ခရီးသွားများ အန္တရာယ်ကင်းရှင်းစေရေး အမြန်လမ်းမကြီးရဲတပ်ဖွဲ့ဝင်များ၏ မိသားစုများကလည်း ပရိတ်ရွတ်၊ မေတ္တာပို့ခြင်းများ အပါတ်စဉ် လုပ်ဆောင်သွားမည် ဖြစ်ကြောင်းသိရသည်။

Image may contain: one or more people

အမြန်လမ်းမကြီး တလျှောက်တွင် ညအချိန် လမ်းဘေးယာဉ်ရပ်ကာ အနားယူနေချိန် လူအုပ်စုဖြင့် လုယက်ခြင်း၊ ရန်ပြုခြင်းများ ဖြစ်ပွားလေ့ရှိပြီး ယခုနှစ်အတွင်း အဆိုပါဖြစ်ရပ်မျိုး သုံးကြိမ်ဖြစ်ပွားခဲ့ကြောင်း အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။

Image may contain: plant and outdoor

Credit-MON